ကချင်ပြည်နယ် NDF ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်
လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အမျိုးသားဒီမို ကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖားကန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
-
2014-03-22 -
-
-
လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အမျိုးသားဒီမို ကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖားကန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
ပြည်သူတွေကြားမှာ နေသူတစ်ဦးဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
" ကျွန်မကို ကျွန်မတော့ ယုံကြည်မှုတော့ အပြည့်ရှိပါတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ကျွန်မက ပြည်သူတွေကြားထဲမှာ အမြဲတမ်းနေနေရတဲ့ အခါကျတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တက်နိုင်သလောက် အမြဲတမ်းကူညီဆောင်ရွက်ပေးနေတဲ့ အပေါ်မှာ ပြည်သူတွေရဲ့ အားကိုးမှုတွေကို ခံစားနေရတဲ့ အတွက် ဘယ်အချိန်ပဲ ဝင်ပြိုင်၊ ဝင်ပြိုင် အဆင်သင့်ပါပဲလို့"
လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ် နှစ်ကုန်ပိုင်းလောက်မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း နေရာအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက နယ်မြေမတည်ငြိမ်မှု မရှိဘူးဆိုတဲ့ အချက်နဲ့ ကချင်ပြည်နယ်မှာ ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။