တရားစီရင်ရေးစနစ် အားနည်းနေ ဆဲပဲလို့ ဦးအောင်ကို ဝေဖန်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည် တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီ လို့ပြောဆိုနေကြပေမယ့် တရားစီရင်ရေး စနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေး ပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုပုံ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်း လဲမှုတွေ လုပ်နေပြီလို့ပြောဆိုနေကြပေမယ့်   တရား စီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲ လာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကို က ပြောကြားလိုက်ပါတယ်။

ဒီနေ့ခေတ် မြန်မာ့တရားစီရင်ရေးစနစ်အပေါ် ဘယ်လို ရှုမြင်သလဲဆိုတာကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဂတိလိုက်စားမှုတွေ အတော်များများ ရှိနေကြောင်း ပြောသွားပါတယ်။

"အဓိကကတော့လေ တရားရေးနယ်ပယ်မှာပေါ့၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေဟာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးအားကောင်းနေ ဆဲ ဖြစ်ပါတယ်၊ ငွေများတရားနိုင် အင်အားကြီးသူ အနိုင်ယူ"

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောသွားတာပါ။

ဒါ့အပြင် အခုအခါ သတင်းတွေထဲမှာ အဆက်မပြတ် ကြားနေကြရတဲ့ လယ်မြေ ယာမြေသိမ်းခံရတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး လယ်သမားတွေကိုအပြစ်ပေး ထောင်ချနေတာတွေကလည်း နိုင်ငံအတွက်  အရုပ်ဆိုးအကျည်းတန် တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ သူကပြောပါတယ်၊

နိုင်ငံအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့လည်း  ၄-ပွင့်၊ ၆-ပွင့်၊ ၁၂-ပွင့် ဆိုပြီး အမျိုးမျိုးပြောဆိုနေကြပေမယ့် ပဏာမအဆင့်အနေနဲ့ လူနည်းနည်းနဲ့ စတင်ပြုလုပ်ပြီး    အရှိန်ရလာတဲ့အခါမှ တိုးချဲ့သွားသင့်တယ်လို့ ယုံကြည်ကြောင်းလည်း ပြောသွားပါတယ်။

သူရဦးအောင်ကိုနဲ့ RFA အဖွဲ့သား မသင်းသီရိ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org