ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ကျော်ရှိလာကြောင်း စစ်ကောင်စီထုတ်ပြန်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီလ ၈ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၆၄၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၅၀၁၇ ဦးရှိလာပါတယ်။

မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် Sky Villa အဆောက်အအုံမှ ရုပ်အလောင်းတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က သယ်ထုတ်လာကြစဉ်။ Myanmar Fire Services Department

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၈ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၆၄၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၅၀၁၇ ဦးရှိကြောင်း စစ်ကောင်စီက ဧပြီလ ၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေသူ ၁၄၈ ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦးရောက်ရှိနေပြီလို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ငလျင်ဘေးဒဏ်သင့် ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ အမှန်တကယ် သေဆုံး၊ ထိခိုက်သူအရေအတွက်ဟာ စစ်ကောင်စီ ထုတ်ပြန်တဲ့အရေအတွက်ထက် ပိုများနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ပြင်းထန်ငလျင်လှုပ်ခတ်ပြီးနောက် အချိန်နှစ်ပတ်နီးပါးကြာလာတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေကြရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org