မန္တလေးတိုင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖွဲ့စည်း

သတင်း မီဒီယာသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတရပ် ပေါ်ပေါက်မှသာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ ရနိုင်မှာဖြစ်တယ်လို့ မန္တလေးတိုင်း မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

မန္တလေးတိုင်းအတွင်းက စာနယ်ဇင်း အယ်ဒီတာတွေ အပါအဝင် သတင်းထောက်တွေ ၈၄ လမ်းက D & G Food Center မှာ ဒီကနေ့ စည်းဝေး ဆွေးနွေးကြပြီးနောက် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း (မန္တလေးတိုင်း ဒေသကြီး ) ကို အမှုဆောင် ၂၁ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေနဲ့ လက်ရှိ သတင်းမီဒီယာတွေ အပေါ် ပိတ်ပင်တားမြစ်မှုတွေနဲ့ ပတ်သက်ပြီး အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မဲ့ ကုမုဒြာဂျာနယ်က ဦးဆန်းယုကျော် ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org