NLD ကို သင်တန်းပေးမှု IRI အဖွဲ့ကို သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ကို မဲဆွယ် စည်းရုံးရေးဆိုင်ရာ သင်တန်းပို့ ချခဲ့တဲ့ အမေရိကန်နိုင်ငံ အခြေစိုက် International Republican Institute (IRI) ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က သတိပေး အကြောင်းကြား စာ ပေးပို့ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်းပို့ချခဲ့တဲ့ အမေရိကန်နိုင်ငံ အခြေစိုက် International Republican Institute (IRI) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးအကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

သင်တန်းပို့ချမှုတွေကို ရွှေးကောက်ပွဲကော်မရှင်ထံတင်ပြဖို့ သတ်မှတ်ထားပေမယ့် IRI ရဲ့ သင်တန်းပို့ချမှုကို အကြောင်းကြားတာမရှိတဲ့အပြင် NLD ဒီပါတီတစ်ခုတည်းကိုသာ သင်တန်းပေးခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတာကို အကြောင်းကြားစာ ပေးပို့တာဖြစ်တယ်လို့ ပြည်ထောင်စု ရွှေးကောက် ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးလှမောင်ချိုက ပြောပါတယ်။

IRI အနေနဲ့ သင်တန်းပို့ချမယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်ပြီး နိုင်ငံရေးပါတီ အားလုံးကို သင်တန်းပေးနိုင်တယ်လို့ ဦးလှမောင်ချိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် NLD ရုံးခန်းမှာ International Republican Institute (IRI) က မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သင်တန်းပေးခဲ့တာ ဖြစ်တယ်လို့ ဖျာပုံမြို့နယ် NLD  ပါတီ ဒုတိယ ဥက္ကဌ ဦးသစ်တင်က ပြောပါတယ်။

IRI အဖွဲ့ဟာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် နိုင်ငံရေးသင်တန်းတွေ ပို့ချကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်ချက်တွေ ရံဖန်ရံခါ ထုတ်ဝေလေ့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org