ကိုယ်ကျိုးရှာ ဆည်မြောင်း စီမံကိန်းတွေ ပြန်လည် သုံးသပ်မယ်

အရင်အစိုးရအဆက်ဆက်က ဆောက်လုပ် ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတချို့ ဟာ ကိုယ်ကျိုးစီးပွားအတွက် ဆောက်လုပ် ခဲ့တာတွေ ရှိတဲ့အတွက် တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ်သွားမယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်း က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်း သြဂုတ်လ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဆည်တွေနဲ့ မြစ်ရေတင်စီမံကိန်းကိစ္စ မေးမြန်းထားတာတွေကို ပြန်လည်ဖြေဆိုစဉ် Photo: Pyitu Hluttaw

အရင်အစိုးရအဆက်ဆက်က ဆောက်လုပ်ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတချို့ဟာ ကိုယ်ကျိုးစီးပွား အတွက် ဆောက်လုပ်ခဲ့တာတွေ ရှိတဲ့အတွက် တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ် သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်း က ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်က နိုင်ငံတော်အစိုးရက ဆည်တွေနဲ့ မြစ်ရေတင်စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါ ဆောက်လုပ်ခဲ့တဲ့ တန်ဖိုးနဲ့ ပြန်လည်ရရှိမယ့် အကျိုးအမြတ် တွက်ချက်ပါသလားလို့ မေးမြန်းရာ မှာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ပြောခဲ့တာဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ခေတ်ကာလအနေအထားအရ ဆည်ကိုတစ်လတစ်စင်း မဖြစ်မနေဆောက်ရမယ်ဆိုတော့ ဆည်ဆောက်ပြီး မြောင်းမရှိတဲ့ဟာမျိုးတွေ၊ ဒီထက်ဆိုးတာတွေလည်းရှိခဲ့ပါတယ်၊ ဆည်ဆောက်ခြင်း သည် များသောအားဖြင့် ကိုယ်ကျိုးစီးပွားအတွက် ဆောက်ခဲ့တဲ့ဆည်များလည်းရှိပါတယ်၊ တောတွေ ၊ တောင်တွေကို မြင်ပြီးတော့ ဆည်ဆောက်တာတွေလည်းရှိပါတယ်၊ တိုင်းပြည်တွက် အကျိုးမရှိဘူး ဆိုရင်တော့ ဒီဟာကို သုံးသပ်ပြီးပြင်ဆင်ဖို့ပါပဲ"

မြစ်ရေတင်စီမံကိန်း ၃၀၀ ကျော်မှာ ၁၇၀ ကျော်ကို ရပ်နားထားခဲ့ပြီး နောင်မှာ ရေရှည်မခံဘဲ တိုင်းပြည်အတွက် အကျိုးမရှိရင် ခွင့်ပြုမှာမဟုတ်ကြောင်းလည်း ဒေါက်တာထွန်းဝင်း က ပြောပါတယ်။

မေးခွန်းမေးမြန်းတဲ့ ဦးလင်းလင်းကျော် က ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်မှာရှိတဲ့ ဆောက်လုပ်စ ဆည်ကနေ ဝမ်းတွင်း၊ သာစည်မြို့နယ်တွေကို ရေပေးဝေဖို့အတွက် ဆောက်လုပ်နေတဲ့ ကင်းတားရေလွှဲဆည်ဟာ စီမံကိန်းပြီး စီးသွားရင် မြေဧက ၃သောင်းကျော်ကို အမှန်တကယ် ရေပေးဝေနိုင်မလားဆိုတာကိုလည်း မေးမြန်းခဲ့ပါတယ်။ ရပ်စောက်မြို့နယ်မှာ ဆောက်လုပ်နေတဲ့ ကျိုင်းခမ်းဆည်ကို ၂၀၁၈-၂၀၁၉ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဆည်စီမံကိန်းတွေ မြစ်ရေတင် စီမံကိန်းတွေကို စိစစ်လေ့လာပြီး လွှတ်တော်ကို ပြန်လည်တင်ပြဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org