စစ်ကောင်စီကို လောင်စာဆီပံ့ပိုးတဲ့ စင်ကာပူကုမ္ပဏီ ကုန်သွယ်မှု ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီပံ့ပိုးမှုအတွက် စင်ကာပူ စတော့အိတ်ချိန်း (SGX) ရဲ့ စုံစမ်းမေးမြန်းခံရပြီးနောက် စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီက ကုန်သွယ်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ Justice for Myanmar က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဒူးပလာယာခရိုင် ရွာတစ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် တွေ့ရစဉ်။ Handout / Free Burma Rangers / AFP

စစ်ကောင်စီကို လောင်စာဆီပံ့ပိုးမှုအတွက် စင်ကာပူ စတော့အိတ်ချိန်း (SGX) ရဲ့ စုံစမ်းမေးမြန်းခံရပြီးနောက် စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီက ကုန်သွယ်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ Justice for Myanmar က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး SGX က ဇန်နဝါရီလ ၃၁ ရက်နေ့က စုံစမ်းမေးမြန်းလာတာဖြစ်ကြောင်း Interra Resources က ရှယ်ယာဝင်တွေကို အသိပေးတဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

SGX ရဲ့ စုံစမ်းမေးမြန်းမှုကို တုံ့ပြန်ဖို့အတွက် ဆောင်ရွက်နေပြီး အခုလို ကုန်သွယ်မှုရပ်ဆိုင်းတာဟာ သုံးရက်ထက်မကျော်ဘူးလို့လည်း ဆိုပါတယ်။

ကုန်သွယ်မှုရပ်ဆိုင်းတဲ့အပေါ်မှာလည်း Interra Resources အနေနဲ့ မမှန်မကန် လုပ်ဆောင်ထားတယ်လို့ မမှတ်ယူဖို့ အလေးထား ပြောကြားလိုတယ်လို့လည်း ကုမ္ပဏီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Interra Resources ဟာ ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိတဲ့ ရေနံ စည် နှစ်သန်းကျော် စစ်ကောင်စီကို ထောက်ပံ့ခဲ့တဲ့ Goldpetrol Joint Operating ကုမ္ပဏီရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း Justice for Myanmar က ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်အထိ Interra Resources ဟာ မြန်မာပြည်တွင်းလုပ်ငန်းတွေက ဝင်ငွေ ဒေါ်လာ ၅၅ သန်း ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org