အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ ၇၀ ရာခိုင်နှုန်းပြီးစီးပြီလို့ အိန္ဒိယ ပြော

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ၇၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီလို့ အိန္ဒိယလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။

အိန္ဒိယလမ်းပန်းဆက်သွယ်ရေးနဲ့ အဝေးပြေးလမ်းမများဝန်ကြီး Nitin Gadkari အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ PRAKASH SINGH / AFP

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကိုဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီး တည်ဆောက်မှုရဲ့ ၇၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီလို့ အိန္ဒိယလမ်းပန်းဆက်သွယ်ရေးနဲ့ အဝေးပြေးလမ်းမများဝန်ကြီးက ပြောဆိုကြောင်း ဒီနေ့ထုတ် The Hindu သတင်းမှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှ သုံးနိုင်ငံကိုဆက်သွယ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ အဲဒီအဝေးပြေးလမ်းမဟာ မိုင်ပေါင်း ၈၇၀ နီးပါး (ကီလိုမီတာ ၁၄၀၀ဝ) ရှည်လျားပါတယ်။

အဲဒီလမ်းမကြီးဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ကနေ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဆက်သွယ်ထားတာဖြစ်ပါတယ်။

ဒီအဝေးပြေးလမ်းမကို ၂၀၁၉ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ အိန္ဒိယအစိုးရက စီမံကိန်း ချခဲ့ပေမယ့် နှောင့်နှေးနေခဲ့တာပါ။ ဒီစီမံကိန်းဘယ်အချိန်ပြီးမယ်ဆိုတာကိုတော့ အိန္ဒိယဝန်ကြီးက ထည့်သွင်းမပြောခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org