အိန္ဒိယချေးငွေ ဒေါ်လာ သန်း ၂၀ နဲ့ ရခိုင်ပြည်နယ်မှာ လမ်းဖေါက်မည်

အိန္ဒိယနိုင်ငံက ချေးငွေ အမေရိကန်ဒေါ် လာသန်း ၂ဝ နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်နဲ့ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေအထိ ကားလမ်းဖေါက် လုပ်သွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အိန္ဒိယကောင်စစ်ဝန်ရုံးကို သြဂုတ်လ ၁၅ ရက်နေ့ အိန္ဒိယနိုင်ငံရဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စတင်ဖွင့်လှစ်စဉ် Photo: Min Thein Aung/RFA

အိန္ဒိယနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀ နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော် နဲ့ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေအထိ ကားလမ်းဖေါက်လုပ်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီလမ်းကြောင်းဖေါက်လုပ်ဖို့အတွက် အိန္ဒိယနိုင်ငံ ကနေ အမေရိကန်ဒေါ်လာသန်း ၂၀ ထုတ်ချေး ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Gautam Mukhopadhya နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တို့ မနေ့က သဘောတူညီမှုရခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန် က ပြောပါတယ်။

"လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက် ပြီးတော့ မောင်တော အငူမော်လမ်းပိုင်း မှာ ဆောင်ရွက်ဖို့အတွက်ပါ၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒါအရင်တုန်းကလည်း သူတို့ညှိနှှိုင်းထားပြီးဖြစ်ပါတယ်၊ ချေးငွေနဲ့ ဆိုရင်တော့သူတို့က တံတားတွေပြန်ပြီးတော့ ပြင်ဆောက်မယ်၊ နောက်ပြီးတော့ ဒီကတ္တရာလမ်း ပိုင်းတွေဖြစ်လာမယ်"

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Mukhopadhya ဟာ စစ်တွေ- အမ်း ကားလမ်းနဲ့ အမ်း- မအီ - တောင်ကုတ်လမ်းပိုင်း အခြေအနေတွေကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့အတူ မနေ့က သွားရောက် လေ့လာ ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖေါ်နေတဲ့ ကုလားတန်ဘက်စုံစီမံကိန်းအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယအစိုးရရဲ့ ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org