အသင်းအပင်း ဖွဲ့စည်းခွင့်ဥပဒေ ပြဌာန်းဖို့ ILO တိုက်တွန်း

မြန်မာအစိုးရ အနေနဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေတရပ် ပြဌာန်းဖို့ ပျက်ကွက်မယ် ဆိုရင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးနိုင်ကြောင်း အကြိမ် ၁ဝဝ မြောက် ILO နှစ်လည် ညီလာခံ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB က ပြောလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ၏ အကြိမ် ၁ဝဝ မြောက် နှစ်ပတ်လည် ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁ ရက်နေ့က စတင် ကျင်းပနေပုံ ဖြစ်ပါသည်။ (UN Photo/Jean-Marc Ferre) UN Photo/Jean-Marc Ferre

မြန်မာအစိုးရဟာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ ပြဌာန်းမယ်လို့ ILO ကို ကတိပေးထားပေးမယ့် အခုအချိန်အထိ အကောင်အထည် ပေါ်မလာသေးတဲ့အတွက် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ညီလာခံအထိ အချိန်ပေးထားတယ်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့ ညီလာခံကို နှစ်စဉ် မတ်လ၊ ဇွန်လနဲ့ နိုဝင်ဘာလတွေမှာ တနှစ် သုံးကြိမ် ကျင်းပတာပါ။ မနေ့က ကျင်းပတဲ့ အစည်းအဝေးကနေ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ ပြဌာန်းရေးအတွက် မူကြမ်းတခု ရေးဆွဲဖို့ တိုက်တွန်းလိုက်ပြီး ဇွန်လ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်းစုံက အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ် အားလုံးက သဘောတူ အတည်ပြုကြမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ကလည်း ဒီအချက်အပေါ် လက်ခံထားတယ်လို့ ဆိုပါတယ်။

FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို RFA အဖွဲ့သား ကိုဝင်းနိုင်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org