တရားမဝင် အလုပ် သမားတွေ ခြောက်သောင်းကျော် ဌာနေပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် နိင်ငံခြားသား အလုပ်သမားတွေကို တင်းကြပ်စွာ အရေး ယူသွားမယ်လို့ အစိုးရက ကြေညာထား တာကြောင့် အခုသီတင်းပတ်အတွင်း အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ ခြောက်သောင်းကျော် ထွက်ခွာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ မြဝတီ ကျောက်လုံးကြီးစခန်းကို ဇူလိုင်လ ၃ ရက်နေ့က ရောက်ရှိလာခဲ့စဉ် Photo: Kyaw Lwin Oo/ RFA

ထိုင်းနိုင်ငံမှာ တရားမဝင် နိင်ငံခြားသား အလုပ်သမားတွေကို တင်းကြပ်စွာ အရေးယူသွားမယ်လို့ အစိုးရက ကြေညာထားတာကြောင့် အခုသီတင်းပတ်အတွင်း အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ ခြောက်သောင်းကျော် ထွက်ခွာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖေါ်ပြထားပါတယ်။

အဲဒီလို ပြန်ကြတဲ့အထဲမှာ မြန်မာတွေ အများဆုံးဖြစ်ပြီး မဲဆောက်မြို့က ပြန်သူချည်းပဲ သောင်းဂဏန်းရှိတဲ့အပြင် တခြားနယ်စပ်ဝင်ပေါက်တွေက ပြန်သွားသူတွေလဲ အများအပြားရှိတယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး က ပြောပါတယ်။

ကမ္ဘောဒီးယားစစ်တပ် နယ်စပ်ရေးရာ အကြီးအကဲတစ်ယောက်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ အလုပ်သမား ၅၀၀ ကျော် ဌာနေပြန်လာတယ်လို့ ပြောပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က အလုပ်သမားတွေ အခုလို အစုအပြုံလိုက် ပြန်ကြတဲ့အတွက် ထိုင်းနိုင်ငံ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်း ရေထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အများအပြား ထိခိုက်နစ်နာမှုတွေ ရှိမယ်လို့လည်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org