သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆို

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်က ကျေးရွာတွေမှာ တရား မဝင်ရွှေတူးဖော်မှုတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ မြို့နယ် သတ္တုဦးစီးဌာန တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒေသခံ ၂၀၀ ကျော်က မနေ့ကစပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြ ပါတယ်။

တရားမဝင် ရွှေတူးသူတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူပေးဖို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ် Photo: ဦးမောင်ကြီး

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေမှာ တရားမဝင်ရွှေတူးဖော်မှုတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ မြို့နယ် သတ္တုဦးစီးဌာန တာဝန်ရှိ သူတွေကို အရေးယူပေးဖို့ ဒေသခံ ၂၀၀ ကျော်က မနေ့ကစပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။

တရားမဝင် ရွှေတူးသူတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးမယူမချင်း ဆန္ဒပြသွားမယ်လို့ သပိတ်ကျင်းမြို့နယ် ဝက်သေကျေးရွာက ဒေသခံ ဦးမောင်ကြီး က ပြောပါတယ်။

"သတ္တုဥပဒေကို ချိုးဖောက်ထားတဲ့ ဝန်ထမ်းတွေနဲ့ တရားမဝင်ခိုးတူးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကို အရေးမယူမချင်း နေ့ရော ညပါပြမှာပါ"

ဆန္ဒပြသူတွေဟာ သပိတ်ကျင်းမြို့နယ် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းရုံးရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဝက်သေ၊ ချောင်းကြီး၊ ရေထွက်၊ လိပ်ကျကျေးရွာတွေက ကျေးရွာပိုင်မြေတွေမှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေတာတွေကို ရပ်တန့်ပေးဖို့၊ တရားမဝင်ရွှေတူးနေသူတွေကို အရေးယူပေးဖို့နဲ့ တရားမဝင်ရွှေတူးနေသူတွေကို အရေးမယူတဲ့ မြို့နယ် သတ္တုဦးစီးဌာန တာဝန်ရှိ သူတွေကို အရေးယူဖို့ တောင်း ဆိုနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org