ICRC က မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနိုင်ဖွယ်ရှိ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံ တကာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဌနဲ့အဖွဲ့ဟာ လာမယ့်သီတင်းပတ် အစောပိုင်းမှာ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
-
2013-01-17 -
-
-
ICRC အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ သောက်ရေသုံးရေ၊ မိလ္လာစနစ်၊ ဆေးဝါးရရှိမှု၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေး စတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးဖို့ အသင့်ရှိနေပြီး၊ အကျဉ်းသားတချို့နဲ့လည်း တစ်ဦးချင်းတွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ICRC ဥက္ကဌ မစ္စတာ Peter Maurer က ပြောပါတယ်။
ICRC ဟာ ၇နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံအကျဉ်းထောင်တွေကို ပြန်လည်စစ်ဆေးခွင့်ရရှိတာ ဖြစ်ပါတယ်။
ICRC ရဲ့ စည်းမျဉ်းတွေအရ စစ်ဆေးတွေ့ရှိချက်တွေကို သက်ဆိုင်ရာအစိုးရကို တင်ပြတာကလွဲပြီး ပြင်ပကိုမပေါက်ကြားစေရဘဲ၊ လိုအပ်လာပြီလို့ ဆုံးဖြတ်ရမယ့် အခြေအနေမျိုးရှိမှသာ အများပြည်သူကို ထုတ်ဖေါ်ပြောဆိုမှာဖြစ်ပါတယ်။