NUG ကြားကာလ IBEST ကျောင်း အချက်အလက်ပေါက်ကြားမှုကြောင့် အရေးပေါ်ပိတ်

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကြားကာလ ပညာသင်ကြား ရေးကျောင်းတစ်ခုဖြစ်တဲ့ Interim Basic Education School – Thingangyun (IBEST) က ကျောင်းသားစာရင်း အချက်အလက်တချို့ ပေါက်ကြားသွားခဲ့တာကြောင့် အရေးပေါ် ပိတ်လိုက်ရကြောင်း IBEST ကျောင်းက နိုဝင်ဘာ ၂၃ ရက် မနေ့က ကြေညာပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန လက်အောက်မှ ဆောင်းရာသီ အားကစားပွဲတော် ဆုချီးမြှင့်သည့် အခမ်းအနားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကြားကာလ ပညာသင်ကြား ရေးကျောင်းတစ်ခုဖြစ်တဲ့ Interim Basic Education School – Thingangyun (IBEST) က ကျောင်းသားစာရင်း အချက်အလက်တချို့ ပေါက်ကြားသွား ခဲ့တာကြောင့် အရေးပေါ် ပိတ်လိုက်ရကြောင်း IBEST ကျောင်းက နိုဝင်ဘာ ၂၃ ရက် မနေ့က ကြေညာပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုကနေ ကျောင်းသားစာရင်း အချက်အလက်တချို့ ထွက်ပေါ်လာတာကြောင့် အရေးပေါ်ပိတ်လိုက်ရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းကြီးကြပ်ရေး ကော်မတီအနေနဲ့ အရေးပေါ် လုံခြုံရေး အစီအစဉ်တွေနဲ့ လုံခြုံရေးအဆင့်မြှင့်တင်ထားသလို ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာဆရာမတွေ ကိုလည်း လုံခြုံရေးဆိုင်ရာ သတိပေးချက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပြီး အန္တရာယ်ကင်းစေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကြားကာလ ပညာသင်ကြားရေးကျောင်း (IBEST) ပိတ်သိမ်းလိုက်ရတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ဆရာမ တစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

"အချိန်သေချာယူပြီး တည်ထောင်ရတာ မဟုတ်တဲ့အတွက် ယိုပေါက်တွေက ရှိနေမှာပဲ။ အချက်အလက်က တစ်နည်းနဲ့မဟုတ် တစ်နည်းနဲ့ ပေါက်ကြားမှာ။ အခုအဲဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေဆို တော်တော်လေး စိုးရိမ်ပြီး ကြောက်နေ ကြတယ်"

ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေဟာ IBEST SCHOOL ရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လက အတန်းလိုက် သက်ဆိုင်ရာ ကျောင်းသားကုဒ်နံပါတ်တွေ မပေးခင်မှာ Batch-1 G10 section B Group ရဲ့ ကျောင်းသား စာရင်းကို အတည်ပြုခဲ့တဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org