တန့်ဆည်မှာ စစ်ကောင်စီသတင်းပေး လင်မယား အသတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကြက်ဆူကန်ရွာက စစ်ကောင်စီ သတင်းပေးသူလို့ နာမည်ကြီးတဲ့ ဦးကျော်ညွန့်နဲ့ သူ့ဇနီးတို့ ဒီနေ့ သြဂုတ် ၂၈ ရက် မနက်ပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ပြည်သူတွေ ၂၀၂၁၊ မေ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကြက်ဆူကန်ရွာက စစ်ကောင်စီ သတင်းပေးသူလို့ နာမည်ကြီးတဲ့ ဦးကျော်ညွန့်နဲ့ သူ့ဇနီးတို့ ဒီနေ့ သြဂုတ် ၂၈ ရက် မနက်ပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးကျော်ညွန့်ရဲ့ ရုပ်အလောင်းကို ကြက်ဆူကန်ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ပဲကြီးခင်းရွာ သုသာန်အနီးမှာ တွေ့ရှိခဲ့ပြီး သူ့ဇနီးရဲ့ရုပ်အလောင်းကိုတော့ တောင်ပို့ရင်ရွာ တံတားအနီးမှာ တွေ့ရှိခဲ့တယ် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က စစ်ကောင်စီသတင်းပေး ဒလန်တွေလို့ တော်တော်နာမည်ကြီးတယ်။ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်း သူဓားနဲ့အခုတ်ခံရသေးတယ်။ အဲဒီတုန်းက ဆေးကုတာနဲ့ မသေဘူး။ အခုတစ်ခါတော့ ခေါင်းဖြတ် အသတ်ခံရတာ”

သူတို့ကို ဘယ်သူတွေက သတ်တယ်ဆိုတာတော့ မသိရသေးသလို သူတို့ရုပ်အလောင်းတွေကို စစ်ကောင်စီ တပ်သားတွေ လာရောက်သယ်ဆောင်သွားပြီး ကြက်ဆူကန်ရွာထဲကိုလည်း စစ်ကား နှစ်စီး ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း တန့်ဆည်မြို့နယ် ကန်ကလေးကုန်းရွာက စစ်ကောင်စီကို သတင်းပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင်လို့ စွပ်စွဲခံထားရသူ ကိုကျားကြီးဆိုသူလည်း အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တန့်ဆန်မြို့နယ်ထဲမှာ အခုသေဆုံးခဲ့တဲ့သူတွေအပါအဝင် ကံထူးမ၊ ကန်ကလေးကုန်းနဲ့ ရွာတစ်ချို့က စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ ၁၀ ဦးထက် မနည်း သတ်ဖြတ်ခံခဲ့ရပြီးပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org