ကချင်စစ်ပွဲတွေ ရပ်တန့်နိုင်ရင် မြန်မာအမျိုးသမီးတွေ တရုတ်ကို ရောင်းစားခံရတာ အဆုံးသတ်နိုင်မယ်လို့ လေ့လာချက်တစ်ရပ်ဆို
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေ တရုတ်ပြည်ကို ရောင်းစားခံနေရတဲ့ အခြေအနေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ အမေရိကန်တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။
-
2018-12-10 -
-
-
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေ တရုတ်ပြည်ကို ရောင်းစားခံနေရတဲ့ အခြေအနေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ အမေရိကန်တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။
ဒီပြဿနာဟာ ကချင်ပြည်နယ်အတွက်သာမဟုတ်၊ မြန်မာနိုင်ငံအတွက်သာမဟုတ်၊ တစ်ကမ္ဘာလုံးရဲ့ အရေးကိစ္စ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်၊ Bloomberg ပြည်သူ့ကျန်းမာရေးကျောင်း နဲ့ ထိုင်း အခြေစိုက် ကချင် အမျိုးသမီးအသင်းတို့ရဲ့ လေ့လာချက်တစ်ရပ်က ဖေါ်ပြပါတယ်။
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ ထောင်နဲ့ချီတဲ့ မြန်မာအမျိုးသမီးတွေနဲ့ မိန်းမပျိုတွေ တရုတ်အမျိုးသားတွေနဲ့ အဓမ္မ လက်ထပ်ခံရ၊ ကလေးမွေးပေးရတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်နေရကြောင်း၊ တွေ့ဆုံမေးမြန်းချက်တွေအရ တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့၊ ကလေးမွေးပေးဖို့ ရောင်းစားခံလိုက်ရတဲ့ အမျိုးသမီးကို နောက် အမျိုးသားတစ်ဦးဆီ လက်လွှဲပြန်ရောင်းတာတွေလည်းရှိကြောင်း၊ မြန်မာနိုင်ငံတွင်း ဒေသ လေးခု ကနေ တရုတ်အမျိုးသားတွေထံ ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးကြီးငယ် အရေအတွက် ၇၄၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းရကြောင်း အစီရင်ခံစာက ဖေါ်ပြပါတယ်။