ထိန်ပင်အမှိုက်ပုံမီး ၈ဝ ရာခိုင်နှုန်း ထိန်းချုပ်နိုင်

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်တာကို ၈ဝ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်ပေမယ့် မီးခိုးတွေမထိန်းနိုင်သေးတဲ့အတွက် ထိုင်းနိုင်ငံက Biofoam မီးသတ်ဆေးတွေကို မှာယူထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ထိန်ပင်အမှိုက်ပုံကို မီးငြှိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Htet Arkar/RFA

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်တာကို ၈ဝ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်ပေမယ့် မီးခိုးတွေ မထိန်းနိုင်သေးတဲ့အတွက် ထိုင်းနိုင်ငံက Biofoam မီးသတ်ဆေးတွေကို မှာယူထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မီးငြှိမ်းသတ်တဲ့နေရာမှာ အသုံးပြုမယ့်ရေကို ထိန်ပင်ရေကန်ကနေ ရေတွန်းပန့်တွေနဲ့ ရေလွှတ်ပို့နိုင်ဖို့ စီစဉ်နေတဲ့ အကြောင်း၊ မီးခိုးငွေ့ကြောင့် ဆေးရုံကို ရောက်လာတဲ့ လူနာ ၁၃ ယောက်ကိုလည်း ကုသပေးနေပြီး အောက်ဆီဂျင်၊ ဆေးဝါးအစုံအလင်ပါတဲ့ အရေးပေါ်လူနာတင်ယာဉ် အစီး ၆ဝ ကျော်ကို အသုံးပြုပြီး ကူညီပေးနေတယ်လို့ ပြန်ကြားရေးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမှိုက်ပုံမီးသတ်တဲ့နေရာမှာ မီးသတ်နေရတဲ့ မီးသတ်သမားအများစုဟာ မီးခိုးမွန်းတာအပြင် အပူလောင်တာ၊ ထိခိုက်ရှနာတွေပါ ရှိနေတယ်လို့ အဲဒီမီးလောင်တဲ့နေရာမှာ ရွှေ့ပြောင်းဆေးကုသယာဉ်နဲ့ ကူညီပေးနေတဲ့ ကိုထိန်ဝင်းနောင်က ဒီနေ့ RFA ကို ပြောပါတယ်။

မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်သမားတွေအပြင် တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေလည်း မီးငြိမ်းသတ်နိုင်ဖို့ ကူညီနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး လောင်ကျွမ်းနေတဲ့ အမှိုက်ပုံမီးက ထွက်လာတဲ့မီးခိုးတွေဟာ ရန်ကုန်အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်က ၇ မြို့နယ်ကို ပျံ့နှံ့ခဲ့တာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်နိုင်တယ် လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org