HRDP အဖွဲ့ မန္တလေးမှာ လူ့အခွင့်အရေး ဆွေးနွေးပွဲ ပြုလုပ်

HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်က ဦးဆောင်ပြီး မန္တလေးမြို့မှာ လူ့အခွင့်အရေး ပညာပေး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။

HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့၏ လက်ကမ်း ကြေညာ စာတမ်း ဖြစ်ပါသည်။ hrdp

ပြည်ကြီးတံခွန်မြို့မှာ ကျင်းပနေတာ ဖြစ်ပြီး (၃) ရက်ကြာ ဆက်လက် ပြုလုပ် သွားမယ်လို့ HRDP အဖွဲ့က ဦးစောဘန်ကူးက ကို ပြောပါတယ်။

“မန္တလေးမှာတော့ ဒီကနေ့ မနက် ၁၀ နာရီခွဲကနေစပြီးတော့ ၄ နာရီထိပေါ့ အလုပ်ရုံဆွေးနွေးပွဲလုပ်ပါတယ်”

HRDP အဖွဲ့ဟာ လူ့အခွင့်အရေး အသိပညာရေး ဆွေးနွေးပွဲတွေကို မကြာခင်က မိတ္တလာမြို့မှာ (၃) ရက်ကြာ ကျင်းပခဲ့ပြီး၊ မကြာမီ ရှမ်းပြည်နယ်အထိ သွားရောက်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ပုလိပ်၊ မြစ်သား၊ အမရပူရစတဲ့ မန္တလေးတိုင်း ၁၀ မြို့နယ်က လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ စိတ်ဝင်စားသူ ၃၀ လောက် တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။

လောလောဆယ် အထိတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ HRDP အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ဘက်က တားဆီး နှောင့်ယှက်တာ မရှိသေးဘူးလို့ ဦမောင်မောင်လေးက ပြောပါတယ်။

အရင် စစ်အစိုးရ လက်ထက်မှာတော့ HRDP အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်တာ၊ အဖွဲ့ဝင်တွေကို ရိုက်နက် ဖမ်းဆီး ထောင်ချတာတွေ ဆိုးဆိုးဝါးဝါးရှိပြီး၊ အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးမြင့်အေးကိုလည်း ထောင်သွင်း အကျည်းချထား ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org