ဖားကန့်မြေပြိုမှု လူ ၁၈ ဦး သေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံ၊ ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာနားက အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်စိမ်းတွင်းမှာ ဒီကနေ့ မနက် ၂ နာရီခန့်က ပြိုကျတာကြောင့် လူ ၁၈ ဦး သေဆုံးတယ်လို့ သိရပါတယ်။
-
2019-07-28 -
-
-
ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့နှင့် ကောင်စံကြားက ကျောက်ကျောမြေစာပြို ၂၀၁၉ ဇူလိုင် ၂၈ ရက်နေ့ကပြိုကျခဲ့စဉ်
Photo: Hpakan Township Info Committee NLD
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံ၊ ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာနားက အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်စိမ်းတွင်းမှာ ဒီကနေ့ မနက် ၂ နာရီခန့်က ပြိုကျတာကြောင့် လူ ၁၈ ဦး သေဆုံးတယ်လို့ သိရပါတယ်။
ကမ်းပါးပြိုကျတဲ့အနီးအနားမှာရှိနေတဲ့ ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦး ပါဝင်တယ်လို့ မရှီကထောင်ရပ်ကွက် NLD ဥက္ကဋ္ဌ ဦးမင်းမင်းစိုးက RFA ကို ပြောပါတယ်။
ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဇူလိုင်လ တစ်ရက်နေ့ကနေ စက်တင်ဘာလကုန် မိုးတွင်းကာလ သုံးလကို ရပ်နားထားဖို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ညွှန်ကြားထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)