စက်ရုံတွေရှေ့ ပိတ်ဆို့ ပြီး ငွေကြေးတောင်းခံတာတွေကို သတင်းစာရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က စက်ရုံတွေရှေ့မှာ ကျူးကျော်ပိတ်ဆို့ ငွေတောင်းခံနေ တာတွေဟာ ဂိုဏ်းဖဲ့ွပြီး လုပ်စားတာတွေ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အတွင်းရေးမှူး ဦးနေလင်းဇင် က ပြောပါတယ်။
-
2017-03-01 -
-
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်က စက်ရုံတွေရှေ့မှာ ကျူးကျော်ပိတ်ဆို့ ငွေတောင်း ခံနေတာတွေဟာ ဂိုဏ်းဖဲ့ွပြီး လုပ်စားတာတွေဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အတွင်းရေးမှူး ဦးနေလင်းဇင် က ပြောပါတယ်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်က စက်ရုံတွေရှေ့မှာ ကျူးကျော်ပိတ်ဆို့ ငွေတောင်းခံတာတွေ ဖြစ်ပေါ်နေ တာနဲ့ ပတ်သက်ပြီး ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်လင်းပွဲမှာ ဦးနေလင်းဇင် က ပြောတာ ဖြစ်ပါတယ်။
"ဒါတွေဟာ ဂိုဏ်းအဖွဲ့အစည်းက နောက်ကွယ်ကနေပြီးတော့ ကြိုးကိုင်လှုပ်ရှားမှုတွေနဲ့အတူ အုပ်စုဖွဲ့ပြီးတော့ ခြိမ်းခြောက်တဲ့အနေအထား ရောက်လာပါတယ်"
ငွေကြေးတောင်းခံသူတွေဟာ သူတို့ဘိုးဘွားပိုင်လယ်မြေ ဖြစ်တဲ့အတွက် လျော်ကြေးတောင်းတာဖြစ်ပေမယ့် ပိုင်ဆိုင်မှုအထောက်အထား အပြည့်အဝမရှိဘူးလို့လည်း ပြောပါတယ်။
ကျူးကျော်ငွေ တောင်းခံသူတွေကို စက်ရုံလုပ်ငန်းရှင်တွေ ဘက်က တရားစွဲဆိုဖို့ တိုင်ကြားချိန်မှာ ကျူးကျော်သူတွေ ဟာ နေရပ်လိပ်စာ အတည်တကျ မရှိတဲ့အတွက် တိုင်ကြားဖို့ အခက်အခဲဖြစ်နေပြီး အချို့လုပ်ငန်းရှင်တွေက လုပ်ငန်းပြန်လည်လုပ်ကိုင်လိုတာကြောင့် တောင်းခံတဲ့ငွေထက် အနည်းငယ်လျှော့ပြီး ပေးတာတွေရှိတယ်လို့ ဦးနေလင်းဇင် က ပြောပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရ၊ ရန်ကုန်တိုင်းအစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ပြည်ထောင်စုလွှတ်တော်ထိ တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်တာတွေ မရှိသေးဘူးလို့လည်း ပြောပါတယ်။
ရွှေလင်ဗန်းစက်မှုဇုန်အတွင်း အခုလိုငွေကြေးတောင်းခံမှုတွေဟာ ၂၀၁၄ ခုနှစ်က စတင်ဖြစ်ပွားလာတာဖြစ်ပြီး အခုချိန်ထိ ၁၅ မှုလောက် ရှိနေတယ်လို့ သိရပါတယ်။