ဘိန်းဖြူ ကျပ်သိန်းလေးထောင်ဖိုး ဖားကန့်မှာ မိ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ကနေ သယ်ဆောင်လာတဲ့ ကျပ်သိန်းပေါင်း ၄ ထောင်နီးပါး တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၄ ကီလိုကျော်ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ကျေး ရွာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်ကနေ သယ်ဆောင်လာတဲ့ ကျပ်သိန်းပေါင်း ၄ ထောင်နီးပါး တန်ဖိုးရှိတဲ့ ဘိန်းဖြူ  ၄ ကီလိုကျော်ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ကျေးရွာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မိုးညှင်းမြို့နယ် မူးယစ်ရဲတပ်ဖွဲ့ က ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းရမိခဲ့တာဖြစ်ပြီး ဇန်နဝါရီလ အတွင်း တစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမှုဟာ ကချင်ပြည်နယ် ထဲမှာ အများဆုံးဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦး က ပြောပါတယ်။

"ဒီရက်ပိုင်းတွင်းမှာကို မနေ့တစ်နေ့က ဖားကန့်မှာဆို ဆပ်ပြာခွက် ၄ဝဝ ကီလိုဆိုရင် ၄. ၁၂  လောက်ရှိတယ်၊ ကာလတန်ဖိုးနဲ့ တွက်မယ်ဆိုရင် သိန်းပေါင်း ၄ဝဝဝ နီးနီးပေါ့၊ ၃၉ဝဝ လောက် မိတာကလည်း တန့်ယန်းဘက်ကနေပြီးတော့ ကားတစ်စီးက မှတ်ပုံတင်နံပါတ် ကြည့်တော့ ပြင်ဦးလွင်၊ သိပ်မကြာသေးဘူး၊ ဖားကန့်နားမှာ ကျနော်တို့ဇန်နဝါရီ အတွင်းမှာ မနည်းဘူး၊ ကျနော်တို့ ကချင်ပြည်နယ်ထိပ်ဆုံးမှာပဲ"

ဖမ်းဆီးရမိသူ ၄ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဥပဒေ ပုဒ်မတွေနဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်နဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေကနေ သယ်ယူလာတဲ့ မူးယစ်ဆေးဝါး တွေကို တနိုင်း၊ ဖားကန့် စတဲ့ စီးပွားရေးနယ်မြေတွေအပြင် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဗန်းမော် စတဲ့ မြို့တွေမှာလည်း ရောင်းဝယ်သုံးစွဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org