ကျန်းမာရေး စောင့်ရှောက်မှု ဆိုတာ လူ့တန်ဖိုးလေးစားမှုအပေါ် မူတည်
ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူ့တန်ဖိုးကို လေးစားမှုအပေါ် မူတည် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
-
2013-12-11 -
-
-
Your browser doesn’t support HTML5 audio
ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူ့တန်ဖိုးကို လေးစားမှုအပေါ် မူတည်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မိန့်ခွန်းတစ်ရပ် အင်္ဂါနေ့က ဟောပြောခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာဗြိတိသျှ ကိုလိုနီဘဝက အမွေရခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်းမှာ အမြင့်ဆုံးအဆင့်ဖြစ်အောင် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပေမယ့်၊ ၁၉၆ဝ ပြည့်နှစ်တွေကစလို့ စစ်အစိုးရအဆက်ဆက်လက်ထက်မှာ တစတစ ယိုယွင်းဆုတ်ယုတ်လာခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန် မြင့်မားလာဖို့အတွက် တိုင်းပြည်ချမ်းသာရုံနဲ့ မပြီးဘဲ၊ လူ့တန်ဖိုးကို လေးစားတဲ့စိတ်၊ ကရုဏာနဲ့ အသိဉာဏ် ပေါင်းစပ်ပြီး စေတနာထားတဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့မိန့်ခွန်းကို ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြထားပါတယ်။