ရွှေပါရမီ ကျန်းမာရေးဆေးခန်းကို ရွှေ့ပြောင်းအလုပ်သမားတွေ လာရောက် ဆေးကုသ

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ထိုင်း-မြန်မာနယ်စပ် မြို့ဝတီမြို့အမှတ် (၁)ရပ်ကွက် မိုးကုတ်စက်ဝိုင်းကျောင်းတိုက်မှာ လာရောက်ပြီး အခမဲ့ ဆေးကုသပေးနေရာမှာ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများပါ သွားရောက် ဆေးကုသခံယူကြပါတယ်။

ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ အခမဲ့  ဆေးကုသမှုဖွင့်ပွဲကို အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ ဆရာတော်ကိုယ်တိုင်  ဒီကနေ့ဖွင့်လှစ်ပေးခဲ့ပြီး  ဆေးဝါးကုသမှုခံယူ ဖို့  မြဝတီနဲ့ မဲဆောက်မြို့ရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမား လူနာ စုစုပေါင်း (၂၅၀၀)ကျော် လာရောက်ခဲ့ကြတယ်လို့  ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင် မဲဆာက်တာဝန်ခံ ကိုရှည်ကြီးက ပြောပါတယ်။

ကုသပေးတဲ့ ရောဂါတွေကတော့ သွား၊ မျက်စိ၊ နား၊နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းကြီး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ဦးနှောင်နဲ့ အာရုံကြော။ အရေပြား၊ အမျိုးသမီးရောဂါနဲ့ အထွေထွေရောဂါတို့ဖြစ်ပြိး အထူးကုဆရာဝန်ကြီးတွေက ဒီကနေ့ကစပြီး နိုဝင်ဘာ (၂၄)ရက်နေ့အထိ ကုသပေးသွားမှာဖြစ်ပါတယ်။

ဆေးဝါးကုသမှုခံယူဖို့ စာရင်းပေးသွင်းထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်က ရွှေ့ပြောင်းမြန်မာအလုပ်သမား လူနာတွေအတွက် မဲဆောက်အခြေစိုက် မနောဖြူစင်ရေလှူအသင်းက သွားလာရေးအတွက် အခမဲ့ ကားစီစဉ်ပြီး ပို့ဆောင်ပေးနေပြီး မြန်မာပြည်သားစေတနာ့ဝန်ထမ်း (၂၀၀)ကျော်က ဆေးကုသရာမှာ ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဦးဆောင်မှုနဲ့ ၂၀၁၁ခုနှစ် သြဂုတ်လ(၁၄)ရက်က စတင် တည်ထောင်ခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org