ဟံသာဝတီလေဆိပ် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး

ပဲခူးမြို့အနီး ဟံသာဝတီ နိုင်ငံတကာ လေ ဆိပ်ကြီး တည်ဆောက်ရေးအတွက် အရေး ကြီးတဲ့ ပဏာမသဘောတူညီချက်ကို မြန် မာနိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန နဲ့ ပြည်ပကုမ္ပဏီ သုံးခု တို့ဟာ မနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ကြတယ် လို့ ချယ်နယ်လ် နယူးအေးရှား သတင်းဌာနက ဖေါ်ပြ ပါတယ်။

ပဲခူးမြို့အနီးက ဟံသာဝတီလေဆိပ် ပုံစံငယ်ကို တွေ့ရစဉ် Photo: Ministry of Information

ပဲခူးမြို့အနီး  ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကြီး တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ပဏာမသဘောတူညီချက် ကို မြန်မာနိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန နဲ့ ပြည်ပကုမ္ပဏီ သုံးခုတို့ဟာ မနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ကြ တယ်လို့ ချယ်နယ်လ် နယူးအေးရှား သတင်းဌာနက ဖေါ်ပြပါတယ်။

အဲဒီ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကြီးကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ အကုန်ခံတည်ဆောက်မယ့် ပြည်ပ ကုမ္ပဏီတွေက ဂျပန်နိုင်ငံက JGC Corporation, စင်ကာပူနိုင်ငံက Yongnam Holdings Ltd နဲ့ Changi Airports International တို့ ဖြစ်ကြပါတယ်။

မြေအကျယ်  ဟက်တာ ၃၆၀၀ ပေါ်မှာ တည်ဆောက်မယ့် ဒီလေဆိပ်ကြီးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးလေဆိပ်ဖြစ် လာမှာပါ။ ၂၀၂၂  နှစ်မှာ အပြီးသတ် ဆောက် လုပ်မှာဖြစ်ပြီး၊ တစ်နှစ်ကို ခရီးသည် ၁၂ သန်း အဝင်အထွက်ရှိမှာ ဖြစ် ပါတယ်။

အပြီးသတ်သဘောတူညီချက်ကို အခုနှစ် အောက်တိုဘာလောက်မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးမှာ  JGC Corporation  က ၅၅%   Yongnam Holdings Ltd   က ၂၅%  နဲ့  Changi Airports က ၂၀% တို့ပါဝင်ကြ မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org