H1N1 နဲ့ သေဆုံးသူ ၁၂ ဦးအထိ ရှိ

ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး ရောဂါပိုး တွေ့ရှိ သူ ၆၂ ဦးနဲ့ သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းသားတွေ နှာခေါင်းစည်းတပ်ဆင်ထားသည်ကို တွေ့ရစဉ် Photo: Kaung Htet Kyaw/ RFA

ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး ရောဂါပိုးတွေ့ရှိ သူ ၆၂ ဦးနဲ့ သေဆုံးသူ ၁၂ ဦးအထိ ရှိလာ ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီအထိ ရရှိတဲ့ နောက်ဆုံးအခြေအနေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွန်းအောင် က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ နောက်ဆုံးအခြေအနေပေါ့နော်၊ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိရရှိတဲ့ စာရင်းဇယားများအရ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်သူပေါင်း  ၂၁၃ ဦး၊ ရာသီတုပ်ကွေးပိုး တွေ့သူပေါင်း ၆၂ ဦး၊ ဓါတ်ခွဲ အတည်ပြုပြီးမှ  ရာသီတုပ်ကွေးရောဂါနဲ့ သေဆုံးသူပေါင်း ၁၂ ဦး ရှိပါတယ်"

ရာသီတုပ်ကွေးရောဂါပိုးဆိုတာဟာ ပြင်းထန်အဆုတ်ရောင်ဖြစ်စေတဲ့ ရောဂါပိုးတွေထဲက တစ်ခုဖြစ်တယ်လို့ လည်း ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးကြောင့် သေဆုံးသူတွေဟာ သက်လတ်ပိုင်းအရွယ်တွေ အများဆုံးပါဝင်နေတာဖြစ် ပါတယ်။

အလားတူ လတ်တလောမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ် စတဲ့ ဒေသတွင်းနိုင် ငံတွေမှာလည်း ရာသီတုပ်ကွေးဖြစ် ပွားနေတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြိုတင်ကာကွယ်ရေး နှိုးဆော် ချက်တွေကို လိုက်နာဆောင်ရွက်မယ် ဆိုရင် ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကုသနိုင်မှာ ဖြစ်တဲ့အတွက် မစိုးရိမ်ကြဖို့လည်း ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အကူအညီပေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို တောင်းခံထားပြီလို့ လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org