မောင်ဂွမ်ဆိုင်းအောင် အမှု မှန် ပေါ်ထွက်ရေး ရန်ကုန်မှာ ဆန္ဒပြ
ပြီးခဲ့တဲ့ ဇွန်လ ၂ဝ ရက်နေ့ညက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား မောင်ဂွမ် ဆိုင်းအောင် သေနတ်ထိမှန်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးပေးဖို့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဖက်ဒရေးရှင်း က လူငယ်တွေက ရန်ကုန် တိုင်း တာမွေမြို့နယ်က လူထု ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2016-07-04 -
-
-
ပြီးခဲ့တဲ့ ဇွန်လ ၂ဝ ရက်နေ့ညက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကွန်ပျူတာတက္ကသိုလ် ကျောင်းသား မောင် ဂွမ်ဆိုင်းအောင် သေနတ်ထိမှန်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးပေးဖို့ ကချင်စာပေ နဲ့ ယဉ်ကျေးမှုအဖွဲ့ ဖက်ဒရေးရှင်းက လူငယ်တွေက ရန်ကုန်တိုင်း တာမွေမြို့နယ်က လူထုဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကချင်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဖက်ဒရေးရှင်းက ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဆယ်လီအောင် က ပြောပါတယ်။
"ကျနော်တို့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဖက်ဒရေးရှင်းအနေနဲ့တော့ တပြည်နယ်လုံး အတိုင်းအတာနဲ့ ဆန္ဒပြဖို့အတွက် မူချထားတာတော့ရှိပါတယ်၊ ကျနော်တို့ရဲ့ သဘောထားအမှန်ကို ထုတ်ဖော်ခြင်းဖြစ်ပါတယ်၊ အခုလက်ရှိ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုအပေါ်မှာ ကျနော်တို့ မေးခွန်းထုတ် စရာတွေ ရှိလာနိုင်မယ်လို့ ကျနော်ထင်ပါတယ်"
ဆန္ဒပြသူတွေက အမှုစစ်ဆေးရာမှာ တပ်မတော်သားနှစ်ဦးကို စစ်ဖက်တရားရုံးမှာ မစစ်ဘဲ အရပ်ဘက်တရားရုံးမှာ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ သေဆုံးသူ မောင်ဂွမ်ဆိုင်းအောင်အတွက် ဖယောင်းတိုင်မီးထွန်းပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်သက်ပြီး ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ကျောင်းသားတွေကို မသတ်ဖို့၊ ပြည်သူတွေကို မသတ်ဖို့ မျှတတဲ့တရားစီရင်မှု ချက်ခြင်းပေး စာသားပါ ပိုစတာတွေကိုင်ဆောင်ပြီး ကချင်လူငယ် ၂၀ ခန့် ပါဝင်ခဲ့ပါတယ်။