လေတပ် ရဟတ်ယာဉ်တွေနဲ့ အစိုးရက တိုက်ခိုက်တယ်လို့ KIA ပြော
မြစ်ကြီးနား- ဗန်းမော် ကားလမ်းအရှေ့ ဘက် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA စခန်း တစ်ခုကို သြဂုတ်လ ၂၃ရက်နေ့က အစိုးရတပ်တွေက တိုက်ခိုက်ရာမှာ ရဟတ်ယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ် လို့ KIA က ပြောကြားလိုက်ပါတယ်။
-
2016-08-23 -
-
-
မြစ်ကြီးနား- ဗန်းမော် ကားလမ်းအရှေ့ဘက် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA စခန်း တစ်ခုကို သြဂုတ်လ ၂၃ရက်နေ့က အစိုးရတပ်တွေက တိုက်ခိုက်ရာမှာ ရဟတ်ယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောကြားလိုက်ပါတယ်။
တိုက်ပွဲဟာ KIA တပ်မဟာ ၅ လက်အောက် ၂၅၂ တပ်ရင်း တပ်စွဲထားတဲ့ တောင်ကုန်းကို မနက်ပိုင်းတစ်ကြိမ် မွန်းလွဲပိုင်းတစ်ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIO ဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူး ကပြောပါတယ်။
"မြစ်ကြီးနားနဲ့ ဗန်းမော်ကားလမ်းရဲ့ အရှေ့ဘက် Nhkram Bum တောင်ဆိုတဲ့နေရာရှိပါတယ်၊ မနက်ပိုင်းမှာ အောက်ခြေမှာဖြစ်တယ်၊ ညနေပိုင်းကတော့ လေယာဉ်ပျံနဲ့ပစ်တာ၊ စစ်အင်အား နဲ့ကြည့်ရင် သူတို့စစ်အင်အား တိုးချဲ့ထားတာတွေ့ရပါတယ်၊ ဒါကြောင့် ကျနော်တို့လည်း သတိအနေအထားနဲ့နေပါတယ်"
အလားတူပဲ ကန်ပိုက်တီလမ်းအနီး ဆဒုံ မှာလည်း မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဒေသမှာရှိတဲ့ တပ်မဟာ-၅ တပ်ရင်း-၃ ကို အစိုးရတပ်မတော်မှ ပြီးခဲ့တဲ့ အပတ်အတွင်းက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ် ပါတယ်။ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံတချို့ တရုတ်ပြည်နယ်စပ်ကို ထွက်ပြေးခဲ့တယ်လို့ နယ်စပ်ကလာတဲ့ သတင်းတွေအရသိရပါတယ်။