ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ သန်း ၁၉၀၀ နီးပါး ချေးယူထား

၂၀၁၆- ၁၇ ဘဏ္ဍာနှစ်က အစိုးရရဲ့ ဘက်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ ကျပ် သန်း ၁၉၀၀ နီးပါး ချေးယူခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ် Photo: Myanmar Union Parliament Facebook

၂၀၁၆- ၁၇ ဘဏ္ဍာနှစ်က အစိုးရရဲ့ ဘက်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ ကျပ် သန်း ၁၉၀၀ နီးပါး ချေးယူခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ လိုငွေ သန်းပေါင်း ၄၉၀၀ ကို ဗဟိုဘဏ်ကနေချေးယူဖို့ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားတဲ့အထဲက ကျပ်သန်း ၁၉၀၀ နီးပါးချေးယူခဲ့တာဖြစ်ပြီး ခွင့်ပြုထားတဲ့ ဘောင်ထဲက ချေးယူတာဖြစ်တယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

"ဗဟိုဘဏ်က ၁၂၃၆ သန်း ချေးပါမယ်လို့ လျာထားခဲ့ပေမယ့်လည်း ၁၉ဝဝ နီးနီးလောက် ချေးယူသွားတာ မျိုးတွေရှိတယ်၊ အစိုးရသည် လွှတ်တော်ကိုတင်ပြပြီးတော့ ခွင့်ပြုချက်မရဘဲ ချေးတာမဟုတ်ဘူး၊ နဂိုကတည်းက သန်း ၄၉ဝဝ လားမသိဘူး၊ ကျနော်တို့က ချေးခွင့်ပေးထားပြီးသား၊ အဲဒီဘောင်ထဲကပဲ သူချေးသွားတာ၊ ဒါပေမဲ့ ချေးယူတဲ့ပမာဏလေးပြောင်းသွားတာ"

အစိုးရရဲ့ လိုငွေကို ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်ရောင်းချတာ၊ ဗဟိုဘဏ်က ချေးယူတဲ့နည်းလမ်းတွေ သုံးပေမယ့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးမှုအားနည်းလို့ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေ ထင်သလောက် မရောင်းချနိုင်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အထိ အစိုးရက ဗဟိုဘဏ်က ချေးယူတာကို ပြည်ထောင်စုလွှတ်တော်ကို မတင်ပြပေမယ့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး တင်ပြခဲ့တယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာလည်း အစိုးရရဲ့ ဘတ်ဂျတ်လိုငွေဟာ ၄ ထရီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org