ရိုးရိုးလေးကုမ္ပဏီကို အစိုးရက တရားစွဲမည်

ကျိုက်ထီးရိုးတောင်ပေါ်မှာ ခွင့်ပြုချက် မဲ့ ဆောက်လုပ်ထားတဲ့ အခန်းပိုတစ် ရာကျော်ကို ဖျက်သိမ်းဖို့ အစိုးရက ညွှန် ကြားတာကို မလိုက်နာတဲ့အတွက် ရိုးရိုလေးကုမ္ပဏီကို တရားစွဲဆိုသွားမှာဖြစ်ကြောင်း သာသာနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။

သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကို စက်တင်ဘာလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တွေ့ရစဉ် Photo: Win Naung Toe/ RFA

ကျိုက်ထီးရိုးတောင်ပေါ်မှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားတဲ့ အခန်းပိုတစ်ရာကျော်ကို ဖျက်သိမ်းဖို့ အစိုးရက ညွှန်ကြားတာကို မလိုက်နာတဲ့အတွက် ရိုးရိုလေး ကုမ္ပဏီကို တရားစွဲဆိုသွားမှာဖြစ်ကြောင်း သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။

တရားစွဲဆိုဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ တင်ပြထားပြီးဖြစ်တယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီးမှာ ဝန်ကြီး သူရဦးအောင်ကိုက သတင်းမီဒီယာ သမားတွေကို ပြောတာဖြစ်ပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်မှာ အဆောက်အဦးတွေကို ပေသုံးဆယ်ထက်ပိုပြီး ဆောက်လုပ်ခွင့်မပြုထားပေမယ့် ရိုးရိုးလေးကုမ္ပဏီက ဆောက်ထားတဲ့ အဆောက် အဦးတွေဟာ လေးထပ်၊ ငါးထပ်၊ ပေငါးဆယ်နီးပါး အထိ ဆောက်လုပ်ထားတာကို စစ်ဆေးတွေ့ရှိထားတာဖြစ်ပါတယ်။

ရိုးရိုးလေးကုမ္ပဏီက ဆောက်လုပ်ထားတဲ့ အခန်းပို တစ်ရာကျော်ကို ပိတ်သိမ်းပြီး သတ်မှတ်ထားတဲ့အမြင့်ပေ ၃၀ ထက်ကျော်လွန်ဆောက်လုပ်ထားတဲ့ အဆောက်အဦး တွေကို ဖျက်သိမ်းသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားပါတယ်။

ဒါ့အပြင် ဘုရားဝတ္တကနယ်မြေမှာရှိတဲ့ ဓမ္မာရုံ၊ ဇရပ်နဲ့အဆောင်တွေကို အခန်းတွေဖွဲ့ပြီး အခကြေးငွေ ရယူဌားရမ်း တာတွေကိုလည်း ဖျက်သိမ်းဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ ဝန်ကြီးသူရ ဦးအောင်ကိုက ပြောပါတယ်။

ကျိုက်ထီးရိုးစေတီတော် ဘုရားဂေါပကအဖွဲ့က တာဝန်ယူရောင်းချနေတဲ့ ရွှေပြား၊ ရွှေဆိုင်းနဲ့ ရွှေသင်္ဃန်းတွေမှာ ဝန်ကြီးဌာန သတ်မှတ်ချက် အရည်အသွေးနဲ့ မပြည့်မီတာတွေ တေ့ွရှိထားပါတယ်။

ဂေါပကအဖွဲ့ဝင်တချို့ကို တာဝန်ကနေ ရပ်နားပြီး အသစ်ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။

ပြည်သူ့လွှတ်တော်မှာ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်မှု ရှိမရှိနဲ့ပတ်သက်ပြီး မေး ခွန်းမေးမြန်းတာကို လာရောက်ဖြေကြားတာဖြစ်ပါတယ်။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေကြားစဉ်မှာ သာသာ နာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပုဂံရှေးဟောင်းနယ်မြေမှာရှိတဲ့ စေတီ ပုထိုးတွေအနီးတဝိုက်မှာ အရင်အစိုးရလက်ထက်က ဟိုတယ် ၄၂ လုံး ဆောက်လုပ်ခွင့်ပြုထားပြီး လုပ်ငန်းပြီးစီးတော့မယ့် ဟိုတယ် ၂၅ လုံး ကိုသာ ၁၅ နှစ်ပဲ လုပ်ပိုင်ခွင့် ပေးထားပြီး ကျန် ၁၇ လုံးကို ဆောက်လုပ်ခွင့်မပြုတော့ကြောင်း ဆက်စပ်ပြီး လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org