၆ လဘတ်ဂျက်အတွက် ဗဟိုဘဏ်ကနေ ဘီလီယံ ၆၀၀ ကျော်ချေးမည်

ပြည်ထောင်စုအစိုးရရဲ့ ၂၀၁၈ ခုနှစ် ခြောက်လတာ ဘတ်ဂျက်အတွက် အပ်ငွေစာရင်းလိုငွေကို ဖြည့် ဆည်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ကျပ်ဘီလီယံ ၆၀၀ ကျော် ချေးယူသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၂၀၁၈ မေလ ၂၂ ရက်နေ့က တင်ပြနေစဉ် Photo: Win Ko Ko Latt/RFA

ပြည်ထောင်စုအစိုးရရဲ့ ၂၀၁၈ ခုနှစ် ခြောက်လတာ ဘတ်ဂျက်အတွက် အပ်ငွေစာရင်းလိုငွေကို ဖြည့်ဆည်း ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ကျပ်ဘီလီယံ ၆၀၀ ကျော် ချေးယူသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။  

၂၀၁၈ ဧပြီလကနေ စက်တင်ဘာလအထိ ၆လတာ ဘတ်ဂျက်အတွက် ဗဟိုဘဏ်ကနေ ချေးယူသွားမယ့် အခြေအနေကို ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောခဲ့တာဖြစ်ပါတယ်။

"ပြည်တွင်းက ငွေချေးယူဖို့ လျာထားချက်ကို အခြေခံပြီးတော့ ပြည်ထောင်စုအစိုးရရဲ့ အပ်ငွေစာရင်းရဲ့ လိုငွေကို ဖြည့်ဆည်းဖို့ ယခင်နှစ် အတွေ့အကြုံအရ ရင်းနှီးမြှုပ်နံှမှုများအနေနဲ့ ပိုမိုပြီးတော့ စိတ်ဝင်စားတဲ့ အစိုးရငွေလွှဲ လက်မှတ်များကို ၅၀ ရာခိုင်နှုန်းနဲ့ အစိုးရ ငွေလွှဲစာချုပ်ကို ၃၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်းကို ၂၀ ရာခိုင်နှုန်းဖြင့် လျော့ချပေးမှာ ဖြည့်ဆည်းရန် လျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက်ကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပြည်တွင်းက ချေးယူဖို့ လျာထားတဲ့ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၆၄၁.၀၂၉ ဘီလီယံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ချေးယူရန် လျာထားမှု မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ အကြောင်းကြားခဲ့ပါတယ်"

ခြောက်လတာ ဘက်ဂျက်လိုငွေဖြည့်ဆည်းဖို့ ပြည်တွင်း ပြည်ပကနေ ကျပ် ၄၂၀၀ ဘီလီယံ ချေးယူဖို့ လျာထားတာဖြစ်ပါတယ်။

အဲဒီလိုငွေကို ပြည်ပက ကျပ် ၉၉၄ ဘီလီယံကျော်၊ ပြည်တွင်းက ကျပ် ၃၂၀၀ ဘီလီယံကျော်ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၆၄၁ ဘီလီယံကို ဗဟိုဘဏ်ကနေ ချေးယူမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org