တပ်ကသိမ်းထားတဲ့ ဖရူးဆိုး လယ်မြေ ဧက ၂၀၀ နီးပါးကို အာဏာပိုင်တွေ ယာယီပြန်ပေး

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ စစ်တပ်ကသိမ်းထားတဲ့ မြေတွေထဲက ဧက ၂၀၀ နီးပါးကို မြို့နယ်အုပ်ချုပ်ရေးမှူးက အခမ်းအနားကျင်းပ ပြီး ဒေသခံတောင်သူ ၇၉ ဦးထံ ယာယီလုပ်ပိုင်ခွင့်လက် မှတ်တွေ ဒီနေ့ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်က အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို တွေ့ရစဉ် photo: RFA/ Nay Thwae

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲက ဧက ၂၀၀ နီးပါးကို မြို့နယ်အုပ်ချုပ်ရေးမှူးက အခမ်းအနားကျင်းပပြီး ဒေသ ခံတောင်သူ ၇၉ ဦးထံ ယာယီလုပ်ပိုင်ခွင့်လက်မှတ်တွေ ဒီနေ့ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။

ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပြန်ရခဲ့တဲ့ မာခရော်ရှေ့ကျေးရွာက တောင်သူ ဦးသဲရယ်က ဒီလိုပြန်ပေးတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ယာယီချပေးတဲ့ ဒီပုံစံ ၃ အပေါ်မှာတော့ လုံးဝလုပ်ပိုင်ခွင့်အဆင့် နောက်ဆုံးအဆင့် အထိ ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်၊ ယာယီလောက်ပဲပေးတယ်ဆိုတော့ နားလည်တဲ့ လူတစ်ယောက်အနေနဲ့တော့ မလုံလောက်သေးဘူးလို့ ကျနော်မြင်တာပေ့ါနော်၊ အပြီးအပိုင်ပြည်သူလူထု လက်ထဲ ပေးတယ်ဆိုတာ ဒီနေ့ဒီအချိန်မှာပဲ ပေးခိုင်းစေချင်တာ"

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ဆိုပြီး မာခရော်ရှေ့၊ လောဂျာ၊ ဒေါလောခူ၊ လောခူ့ခူ စတဲ့ ကျေးရွာ ၅ ရွာက စားကျက်မြေ၊ သစ်တောမြေနဲ့ လယ်ယာမြေဧက ၃ထောင်ကျော်ကို စစ်တပ်က သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းခဲ့တဲ့လယ်တွေထဲက လယ်မြေတချို့ကို တောင်သူတွေထံ ယာယီလုပ်ပိုင်ခွင့်ပြန်ပေးတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီကနေ့လယ်ယာမြေပြန်လည်ပေးအပ်ပွဲကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ဖရူဆိုမြို့နယ် လယ်ယာမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီနဲ့ ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org