ဝန်ကြီးဟောင်း ဦးအုန်းမြင့် ရဲ့ ရွေးကောက်ပွဲ ကန့်ကွက်မှု ရှုံးနိမ့်
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုးကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်း ဦးအုန်းမြင့် က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှာ ကန့်ကွက်ထားတဲ့အမှု ရှုံးနိမ့်သွားပါတယ်။
-
2016-10-18 -
-
-
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်ထားတဲ့အမှု ရှုံးနိမ့်သွားပါတယ်။
ဒီနေ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ခုံအဖွဲ့ ၃က ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းမြင့် ကန့်ကွက်တာဟာ လုံလောက်တဲ့ သက်သေအထောက်အထား မရှိတာကြောင့် ပလပ်ဖို့ ဆုံးဖြတ်ပေးလိုက် တာဖြစ်တယ်လို့ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးရဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
"ဒေါ်အေးမြမြမျိုးရရှိတဲ့ ရွေးကောက်ပွဲ မဲအမှတ်တွေဟာ တရားသဖြင့်ရရှိတဲ့မဲ မဟုတ်ဘူးလို့ စွပ်စွဲပြစ်တင်တာကို ဒါတွေဟာ ပြစ်မှုမမြောက်ဘူး လုံလောက်တဲ့ သက်သေအထောက်အထား မတင်ပြနိုင်ဘူးဆိုပြီး ပလပ်လိုက်တယ်။ မတရားတားဆီးပိတ်ပင်မှုရယ် ရွေးကောက်ပွဲမှာ မတရားပြုကျင်ခံရတဲ့ ဆိုတဲ့ဟာရယ်ပေါ့။" လို့ ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။
ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ တရားရုံးစရိတ်အဖြစ် ငွေကျပ် ၂သိန်းကို ဦးအုန်းမြင့်က ဒေါ်အေးမြမြမျိုး ကို ပေးလျော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတုန်းက မဲဆွယ်ဟောပြောတဲ့နေရာမှာ ဒေါ်အေးမြမြမျိုးက တားဆီးပိတ်ပင်တာတွေ မဲရုံတွေမှာ မဲမသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ကြံံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ် ဦးအုန်းမြင့်က ကန့်ကွက်လွှာ တင်သွင်းတာဖြစ်ပါတယ်။
ဒါ့အပြင် ဦးအုန်းမြင့် က ဒေါ်အေးမြမြမျိုးကို ကျောက်တန်းမြို့နယ်တရားရုံးမှာလည်း မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ တရားစွဲဆိုခဲ့ပါတယ်။