တောင်ကုတ်ရေကြီးပြီး နေအိမ်တွေရေမြုပ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ချောင်းရေကျချိန်မှာ မိုးကသည်းထန်ပြီး ပင်လယ် ဒီရေလည်း တက်လာလို့ ဒီနေ့ မနက် ၂ နာရီလောက်ကစ ရေကြီးတဲ့ အတွက် တောင်ကုတ်-ပန်းတောင်းလမ်းက နေအိမ်တွေ ရေမြုပ်ကုန်ပြီး မြို့ထဲမှာလည်း ရေ ၃ ပေကျော်လောက် တက်သွားတယ်လို့ သိရပါတယ်။
-
2011-07-21 -
-
-
မွန်းလွဲပိုင်း ပင်လယ်ဒီရေ ကျချိန်ရောက်မှ ရေတအိအိပြန်ကျပေမဲ့ ရေကျနှုန်းက နှေးပြီး ရေတွေ တင်နေတုန်းပဲလို့ သိရပါတယ်။ အကြောင်းအချက်တွေဆံြုပီး ရေကြီးသွားတယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။
"ပဒေါင်းလမ်း၊ ကန်ပိုင်တူးကွက်သစ်၊ ဆေးရုံ ကွက်သစ်၊ မီးစက် ကွက်သစ် အဲဒီ ရပ်ကွက်တွေ ပါသွားတယ်။ ၁၇ ပေ ပတ်ဝန်းကျင်လောက် တက်သွားတယ်။ တချို့အိမ်တွေက ကားလမ်းထက် နိမ့်တာကို။ ကားလမ်းတွေဆိုရင် မြုပ်သွားတယ်။ မြို့လယ်လမ်းဖြစ်တဲ့ ဦးဥတ္တမလမ်း၊ ဖောင်တော်ဦးဘုရား ရှေ့မှာဆိုရင် ၃ ပေ ကျော်ကျော်လောက် တက်သွားတယ်။ မြို့မဈေးလည်း မြုပ်သွားတယ်။"
မြို့မဈေးဟာ ချောင်းထိပ်မှာရှိတဲ့အတွက် ဆိုင်တွေ ပစ္စည်းတွေ အဆုံးအရှူံး အပျက်အစီး အတော်များပြီး တောင်ကုတ်မြို့ ပတ်ဝန်းကျင်ဒေသတွေမှာလည်း ရေလွှမ်းမိုး သွားတယ်လို့ ပြောပါတယ်။
"မြို့ပတ်ဝန်းကျင်မှာလည်း ရေကြီးသွားတယ်။ လမ်းမှာ ရေ ၃-၄ ပေ လောက်တက်သွားတယ်။ ကျောင်းတွေ ရုံးတွေ ပိတ်ထားရပြီး လယ်မြေတွေ ဆိုင်ခန်းတွေ ရေမြုပ်ကုန်ပါတယ်။ အပျက်အဆီး ကာလတန်ဖိုး သိန်း ၃ ထောင် ပတ်ဝန်းကျင်လောက် ရှိပုံရပါတယ်။ ရေတွင်းရေကန်တွေ မြုပ်ကုန်တဲ့အတွက် သောက်ရေအခက်အခဲ ရှိနေပါတယ်။"
ဆက်သွယ်ရေးအခက်အခဲကြောင့် တချို့နေရာတွေက အခြေအနေ မသိရသေးပါဘူး။
ဒေသခံတဦး ကတော့ မနက် ၄ နာရီ အိပ်ယာက နိုးလာမှ တမြို့လုံး ရေကြီးနေမှန်း သိရတယ်လို့ ဆိုပါတယ်။ နုန်းတွေ တင်နေပြီး ရေကျနေတုန်း အိမ်သား ၁၀ ယောက်စလုံး နုန်းတွေဆေးတာ နိုင်အောင် မဆေးနိုင်ဘူးလို့လည်းပြောပါတယ်။
ဒီ သတင်းမေးမြန်းချိန် အထိ အပျက်အစီး အသေအပျောက် စာရင်း အတိအကျ မသိရသေးဘဲ သက်ဆိုင်ရာက တစုံတရာ ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။ ဈေးသူဈေးသားတေ ွကတော့ ခါတိုင်း ဒီလို ရေကြီးရင် ဘာအကူအညီမှ မရပေမဲ့ ရေကျပြီးသွားရင် ဈေးရေဆေးခ ဆိုပြီး စည်ပင်သာယာက တဆိုင်ငွေ ငါးထောင်- တသောင်း ကောက်ခံတယ်လို့ ပြောပါတယ်။