လှိုင်းလေဒဏ် ခိုလှုံနိုင်မယ့် နေရာ ၁၅ ခု အသိပေးထုတ်ပြန်

မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ပြည်တွင်းပြည်ပ ကမ်းနီး၊ ကမ်းဝေးရေယာဉ်တွေအနေနဲ့ ရာသီဥတုဆိုးဝါးချိန်မှာ လှိုင်းဒဏ်လေဒဏ်တွေကို ခိုလှုံနိုင် မယ့် နေရာ ၁၅ ခုကို ငါးလုပ်ငန်းဦးစီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

မြစ်လယ်မှာ ကျောက်ချထားတဲ့ ငါးဖမ်းသင်္ဘောနှစ်စီးကို တွေ့ရစဉ်

မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပြည်တွင်းပြည်ပ ကမ်းနီး၊ ကမ်းဝေး ရေယာဉ်တွေအနေနဲ့ ရာသီဥတုဆိုးဝါးချိန်မှာ လှိုင်းဒဏ်လေ ဒဏ်တွေကို ခိုလှုံနိုင်မယ့် နေရာ ၁၅ ခုကို ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ငါးဖမ်းရေယာဉ်တွေနဲ့ ရေလုပ်သားတွေ အန္တရာယ်ကင်းအောင် ခိုလှုံခွင့်ပြုတာဖြစ်ပြီး  အဲဒီလိုခိုလှုံတာကို အကြောင်းပြုပြီး ငါး၊ ပုစွန် ဖမ်းတာတွေ့ရင် အရေးယူမှာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သူ က ပြောပါတယ်။

"အခု ကမ်းဝေးငါးဖမ်းရေယာဉ်တွေကို ကျနော်တို့ ခိုလှုံခွင့်ပေးတဲ့နေရာတွေကလေ ကမ်းနီးငါးလုပ်ငန်း ရှင်ရေထဲမှာဖြစ်နေတယ်၊ အဲ့ဒါကြောင့် ကမ်းခြေအနီးမှာ ရာသီဥတုခိုလှုံတာကို အကြောင်းပြပြီးတော့ ငါးဖမ်းဆီးတယ်ဆိုရင် ကျနော်တို့က အရေးယူမယ်လို့ ကျနော်တို့ ထုတ်ပြန်ထားပါတယ်"

ကမ်းခြေကနေ ၁၀ မိုင်အကွာမှာ ငါးဖမ်းရမယ့် ကမ်းဝေးငါးဖမ်းရေယာဉ်တွေက ကမ်းနီးရေပြင်မှာ ငါးဖမ်းတာတွေရှိခဲ့တဲ့အတွက် သတိပေးတာဖြစ်တယ် လို့လည်း ပြောပါတယ်။

ဧပြီလကုန်နဲ့ မေလဆန်းတို့မှာ ရာသီအကူးအပြောင်းဖြစ်တဲ့အတွက် ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားတာဖြစ်ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက ခိုလှုံခွင့်ပြုတဲ့နေရာတွေဟာ ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ် စတဲ့ နေရာ ၇ ခု၊ ဧရာဝတီတိုင်းက ငပုတော ၊ ဘိုကလေး စတဲ့ ၃နေရာ၊ တနင်္သာရီတိုင်းက လောင်းလုံ၊ မြိတ်၊ ကျွန်းစု ၊ မွန်ပြည်နယ်က ရေး စတဲ့ စုစုပေါင်း ၁၅ နေရာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org