ဗြောက်အိုးဖောက် ဆန္ဒပြသူ ထောင်ဒဏ် ၈ ရက် စီရင်ခံရ
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့ မှာ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ၁၆ လပြည့် အထိမ်းအမှတ်အဖြစ် မနေ့က ဗြောက်အိုးဖောက်ဆန္ဒပြခဲ့တဲ့ ကိုအောင်ကိုဦး ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ ရက် ချမှတ်လိုက်ပါတယ်။
-
2014-03-31 -
-
-
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့ စေတီဟောင်းကို တွေ့ရစဉ်
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ၁၆ လပြည့် အထိမ်းအမှတ်အဖြစ် မနေ့က ဗြောက်အိုးဖောက်ဆန္ဒပြခဲ့တဲ့ ကိုအောင်ကိုဦး ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ ရက် ချမှတ်လိုက်ပါတယ်။
ရဲအက်ဥပဒေ ပုဒ်မ ၄၂ အများပြည်သူ အထိတ်တ လန့်ဖြစ်စေမှုနဲ့ အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုဝေဠုက ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာထဲမှာရှိတဲ့ လယ်တီသိမ်တော်ကို စီမံကိန်းနေရာနဲ့ လွတ်ကင်းရာ ကို ပြောင်းရွေ့ဖို့အတွက် ဒေသဆိုင်ရာတာဝန်ရှိသူတွေ က နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူထားပြီးပြီလို့လည်း သိရပါတယ်။