ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ သူရဦးရွှေမန်းပြောဆို
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရမယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။
-
2013-06-17 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
သူရဦးရွှေမန်းနဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ဒေသအနီးတဝိုက်နေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့ တနင်္ဂနွေနေ့ကတွေ့ဆုံခဲ့ပြီး တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေဖြေဆိုရာမှာ အဲဒီလိုပြောဆိုလိုက်တာဖြစ်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ABSDF တပ်ရင်း ၁ဝ၁ ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ကိုမူးသာက RFA ကိုပြောပါတယ်။
သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု စတင်ထူထောင်ခဲ့တဲ့ ပထမဦးဆုံး ပြည်နယ် ၁၃ ခုအကြောင်းနဲ့အဲဒီအချိန်ကစပြီး လက်ရှိကာလထိ ကျင့်သုံးနေတဲ့ အမေရိကန်ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အခုခရီးစဉ်အတွင်း လေ့လာခဲ့တဲ့အကြောင်း၊ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ခွင့်တောင်းဆိုတာလို့ သူတို့အနေနဲ့ အရင်ခေတ်တွေကနားလည်ခဲ့တာ မှားယွင်းခဲ့တဲ့အကြောင်းပရိသတ်ကို ပြောဆိုတယ်လို့ ကိုမူးသာက ပြောပါတယ်။
သူရဦးရွှေမန်းနဲ့မြန်မာမိသားစုတွေ့ဆုံပွဲကို ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားတွေနဲ့ အခြားစိတ်ပါဝင်စားသူ ၁၅ဝ လောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ABSDF တပ်ရင်း ၁ဝ၁ ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ကိုမူးသာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။