မြန်မာ့လယ်သမားတွေ ဘ၀ မြှင့်တင်ရေး အမေရိကန်ထံ အကူအညီတောင်းခံ

လယ်သမားတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင် ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ရန်ကုန်မြို့ မှာ ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု မှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ မေလ ၆ ရက်နေ့ကပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်လာသော အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် photo: RFA/ Kyaw Zawe Win

လယ်သမားတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်း အတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက  ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမားဘဝတွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်း လိုအပ်တာတွေကို ဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူအညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်နဲ့ USAID အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အဲဒီပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org