တပ်မတော်နဲ့ပတ်သက်တဲ့ စာမျက်နှာတွေ Facebook ဖယ်ရှား

မြန်မာ့တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စာမျက်နှာတွေ၊ ကိုယ်ပိုင်အကောင့်တွေ၊ အုပ်စုတွေကို ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက အင်္ဂါနေ့ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

လူမှုအင်တာနက်စာမျက်နှာ Facebook .

မြန်မာ့တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စာမျက်နှာတွေ၊ ကိုယ်ပိုင်အကောင့်တွေ၊ အုပ်စုတွေကို ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက အင်္ဂါနေ့ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

အခုဖယ်ရှားလိုက်တဲ့အထဲမှာ Facebook Page စာမျက်နှာ ၄၂၅ ခု၊ Facebook group လို့ခေါ်တဲ့ အုပ်စု ၁၇ ခုနဲ့၊ ကိုယ်ပိုင်အကောင့် ၁၃၅ ခု ပါဝင်ပါတယ်။ ဒါ့အပြင် Instragram ဓာတ်ပုံဝေငှတဲ့ အကောင့် ၁၅ ခုကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ဒီစာမျက်နှာတွေဟာ ဖျော်ဖြေရေး၊ ဖက်ရှင်၊ လူမှုဘဝ Life style နဲ့ သတင်းမီဒီယာ စာမျက်နှာတွေအဖြစ် ဟန်ဆောင်ထားပေမယ့် မြန်မာ့တပ်မတော်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စာမျက်နှာတွေ၊ ပိတ်ပင်ခံထားရတဲ့ စာမျက်နှာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွင်းမှာ အမုန်းတရားဖြန့်ချိမှု၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို ချေမှုန်းမှုတွေနဲ့ ပတ်သက်နေတဲ့ စာမျက်နှာတွေကို Facebook က တတိယအကြိမ်မြောက် ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အမုန်းတရားဟောကြားတဲ့ ဦးဝီရသူအပါအဝင် သံဃာနဲ့ လူပုဂ္ဂိုလ် အများအပြားရဲ့ Facebook စာမျက်နှာတွေကို ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org