Facebook ကိုအသုံးချပြီး အမုန်းပွားစေရေး ဝါဒဖြန့်တာကို တွေ့ရှိ
Facebook လူမှုရေးစာမျက်နှာတွေကို အသုံးချပြီး ရိုဟင်ဂျာ မွတ်စလင်တွေကို မုန်းတီးလာရေး စစ်ရေးအရ လျှို့ဝှက်ဝါဒဖြန့်ချီတာတွေ လုပ်ခဲ့တယ်လို့ Facebook ကုမ္ပဏီက ပြောကြားလိုက်ပြီး ဒါဟာ လူမှုရေးစာမျက်နှာတွေ အသုံးချပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်တွေအပေါ် တပ်မတော်က ပစ်မှတ်ထား လုပ်ဆောင်ခဲ့တဲ့ ပထမဆုံးအထောက်အထားဖြစ်တယ်လို့ Time မဂ္ဂဇင်းက ရေးသားလိုက်ပါတယ်။
-
2018-09-01 -

ဒီအချက်အလက်တွေကို Facebook တာဝန်ရှိသူတဦးက Time မဂ္ဂဇင်းကို အီးမေးလ်နဲ့ ရေးသားပေးပို့ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ဒီကိစ္စတွေကို အခုနှစ် အစောပိုင်းကတည်းက စုံစမ်းစစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အကောင့်အတု အများအပြားနဲ့ Facebook အသုံးပြုသူတွေကို လှည့်ဖြားပြီး ယုံမှားသံသယရှိလာအောင် အချက်အလက်အမှားတွေ၊ မွတ်စလင်တွေအပေါ် အမုန်းပွားစေတဲ့ အကြောင်းအရာတွေ ဖြန့်ချီတာလည်း တွေ့ရှိခဲ့တယ်လို့ Facebook တာဝန်ရှိသူတွေကို ကိုးကားပြီး Time မဂ္ဂဇင်းက ရေးသားထားပါတယ်။