နာဂစ်ဘေးကို သင်ခန်းစာ ယူကြဖို့ မိုးလေဝသပညာရှင် တိုက်တွန်း
မြန်မာပြည်သူတွေ သိန်းနဲ့ချီ သေဆုံးခဲ့ကြရတဲ့ နာဂစ် လေမုန်တိုင်း တိုက်ခတ်ခဲ့တာ ၃ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမဲ့ နာဂစ်ဘေးကို မမေ့မပျောက် ရှိကြဖို့နဲ့ သင်ခန်းစာ ယူကြဖို့ ထင်ရှားတဲ့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
-
2011-05-02 -
-
-
Your browser doesn’t support HTML5 audio
လေမုန်တိုင်း တိုက်ခတ်မဲ့ဘေးကို ရှောင်လွှဲကာဆီးဖို့ မလွယ်ကူပေမဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ နာဂစ်ကြောင့် လူတွေ အများကြီး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို သေသေချာချာ လေ့လာပြီး၊ အားနည်းချက်တွေကို ပြုပြင်ဖို့ လိုအပ်တယ်လို့ သူုက အလေးထား ပြောဆိုပါတယ်။
ဒီရေတောတွေ မရှိတာ၊ သဘာဝ ဘေးအန္တရာယ် အသိစိတ် မရှိတာ၊ သဘာဝဘေးအတွက် ရုတ်တရက် တုံ့ပြန်ဆောင်ရွက်တဲ့ နည်းစနစ် မရှိတာ၊ အန္တရာယ်ရှိတဲ့ ဒေသတွေအတွက် မြေပုံတွေ မလုပ်သေးတာ မလုပ်ရသေးတာတွေ၊ မုန်တိုင်းခံ အဆောက်အဦး မရှိတာတွေကို တဖြည်းဖြည်း ဖြည့်ဆည်း လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ဦးထွန်းလွင်က ထောက်ပြပါတယ်။
ဦးထွန်လွင်ဟာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ်လေမုန်တိုင်း တိုက်ခတ်ခဲ့စဉ်က မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ မိုးလေဝသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းတို့နဲ့အတူ ဧရာဝတီတိုင်း ချောင်းသာ ကမ်းခြေမှာ ဒေသခံလူထု ၆၀၀ လောက်ကို လေမုန်တိုင်းဘေးနဲ့ သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး အသိပညာတွေကို မတ်လ ၁ ရက် စနေနေ့က သွားရောက် ဟောပြောခဲ့ပါတယ်။
ဒီဟောပြောပွဲနဲ့တကွ နာဂစ် ၃နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒေါက်တာ ဦးထွန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |