ပြန်လာတဲ့ မြန်မာနိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေနဲ့ သမ္မတရုံးဝန်ကြီးများ တွေ့ဆုံ
သမ္မတရုံးဝန်ကြီးတွေ ဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဒုတိယဝန်ကြီး ဦးအောင်သိမ်း တို့ဟာ ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ရွှေလီလမ်း၊ ဗဟန်း မြို့နယ်မှာရှိတဲ့ Myanmar Peace Centre မှာ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
-
2012-09-02 -
-
-
ဒီကနေ့ တွေ့ဆုံပွဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတဲ့ အကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က RFA ကို ပြောပါတယ်။
"အဓိက ဆွေးနွေးတဲ့ အကြောင်းရင်းတွေကတော့ နိုင်ငံမှာ ဒီ peace process, ကျန်းမာရေးတို့ ပညာရေးတို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့၊ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ အဲဒါတွေ အဓိက ဆွေးနွေးဖြစ်တယ်။ တော်တော်လေး နွေးနွေးထွေးထွေးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်တယ်။ ယုံကြည်မှု ပိုရလာတယ်။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေလည်း ပိုရလာတယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်။ သူတို့အနေနဲ့လည်း နယ်စပ်မှာ အကြာကြီးနေခဲ့တော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုက်သင့်သလောက် ယုံကြည်မှုတွေ ရှိမှာပါ။ ဒါကြောင့် ဒီ peace process မှာတော့ သူတို့လည်း တတပ်တအားအနေနဲ့ ပါဝင်ပေးကြပါတယ်။"
နှစ်နာရီနီးပါး ကြာမြင့်တဲ့ အဲဒီတွေ့ဆုံပွဲကို FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားစုအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်၊ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံဟောင်း ဒေါက်တာသောင်းထွန်း၊ NLD(LA) ရဲ့ပြန်ကြားရေး တာဝန်ခံဟောင်း ဦးညိုအုန်းမြင့်၊ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်တို့ အပါအဝင် ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်း တစ်ချို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံဟောင်း ဒေါက်တာသောင်းထွန်းကို RFA ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |