နိုင်ငံရေးလှုပ်ရှားသူတွေကို ကွပ်မျက်မှု စစ်ကောင်စီသံအမတ်ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆင့်ခေါ် ကန့်ကွက်

စစ်ကောင်စီက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ကွပ်မျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက် မနေ့က ဆင့်ခေါ် ကန့်ကွက်ခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်စီရင်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် Photo: AFP

စစ်ကောင်စီက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ကွပ်မျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ပြင်သစ်နိုင်ငံ ခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက် မနေ့က ဆင့်ခေါ် ကန့်ကွက်ခဲ့ကြောင်း သံတမန် သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ သက် ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေလုပ်ဖို့ မြန်မာသံအမတ်ကြီးကို သတိပေး ထားတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ နိုင်ငံရေးလှုပ်ရှားသူ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို ကွပ် မျက်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်ပြီး နောက်ဆက်တွဲ စီရင်ကွပ်မျက်မှုတွေဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးမြင့်လာခဲ့ကာ စစ် ကောင်စီကို နိုင်ငံတကာက တင်းတင်းကျပ်ကျပ် အရေးယူတာတွေလုပ်ဖို့ တောင်းဆိုမှု တွေလည်း ရှိလာခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဒီကွပ်မျက်ခံရသူ လေးဦးဟာ သေဒဏ်ပေးထိုက်သူတွေဖြစ်တယ်လို့ နိုင်ငံတကာက အပြစ်တင်ရှုတ်ချတဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org