မြန်မာစစ်တပ်ကို မည်သည့် အီးယူနိုင်ငံက သင်တန်းပေးနေသလဲ

လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတဲ့မြန်မာစစ်တပ်ကို သင်တန်းတွေပေးနေတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini ကိုဖြစ်စေ၊ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Kristian Schmidt ကိုဖြစ်စေ စာရေးသားတောင်းဆိုကြဖို့ Burma Campaign UK အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဥရောပသမဂ္ဂအလံကို တွေ့ရစဉ် AFP Photo

လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတဲ့မြန်မာစစ်တပ်ကို သင်တန်းတွေပေးနေတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင် သာမှုရှိဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini ကိုဖြစ်စေ၊ မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး Kristian Schmidt ကိုဖြစ်စေ စာရေးသားတောင်းဆိုကြဖို့ Burma Campaign UK အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

Burma Campaign UK အဖွဲ့က မေလ ၃၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့စာမှာ EU အဖွဲ့က မြန်မာ့တပ်မတော် ကိုပေးမယ့် အနာဂတ်သင်တန်းတွေမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံများ ပါဝင်တယ်လို့ ဆိုပေမဲ့ နာရီ ၆၀ သင်တန်းချိန်အတွင်း လူ့အခွင့်အရေးကိစ္စက တနာရီလောက်ပဲ သင်ကြားပေးပြီး နောက်ပိုင်းမှာ ဒီတနာရီစာတောင်ဖြုတ်ပစ်လိုက်တယ်လို့ ဗြိတိသျှအာဏာပိုင်တွေဘက်က ပြောတယ်လို့ ဆိုပါတယ်။

တဆက်တည်း EU အနေနဲ့ မြန်မာစစ်တပ်ကိုပေးတဲ့ သင်တန်းနဲ့ ပတ်သက်ပြီး ဘယ် အဖွဲ့ဝင်နိုင်ငံက တာဝန် ယူတာကစပြီး သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်တွေ ထုတ်ပြန်ဖို့ ငြင်းဆန်ခဲ့ပြီး လျှို့ဝှက်သင်တန်းအနေနဲ့ ထားရှိတာအဆိုးဆုံးဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

ဒီကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် Kristian Schmidt ကပြောပြပါမယ်လို့ဆိုခဲ့ပြီးမှ နောက်ပိုင်း ကျတော့ ငြင်းပယ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org