မြန်မာကို ပံပိုးဖို့ EU ကြေညာ

အသွင်ကူးပြောင်းမှု နောက်တဆင့် တက်လှမ်းတဲ့ မြန်မာနိုင်ငံကို ရှေ့ဆက် ပူးပေါင်းကူညီမယ်မယ်လို့ EU- ဥရော ပကော်မရှင်ဆိုင်ရာ အဆင့်မြင့်ကိုယ်စား လှယ်က ပူးပေါင်းဆက်သွယ်ရေးဆိုင်ရာ ကြေညာချက် တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အသွင်ကူးပြောင်းမှု နောက်တဆင့်တက်လှမ်းတဲ့ မြန်မာနိုင်ငံကို ရှေ့ဆက်ပူးပေါင်းကူညီမယ်မယ်လို့  EU-  ဥရောပကော်မရှင်ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်က ပူးပေါင်းဆက်သွယ်ရေးဆိုင်ရာ ကြေညာချက်တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရသစ်ရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ EU က အတူလိုက်ပါမယ်လို့ EU ဒုတိယဥက္ကဌလည်းဖြစ်တဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်  Fedrica Mogherini က ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားရင် ကြားစေ့ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကဏ္ဍတွေ ခိုင်မာအားကောင်းဖို့နဲ့ ဆင်းရဲမှုပြဿနာကိုင်တွယ်ရေးနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးကဏ္ဍတွေမှာ EU က ပူးပေါင်းဆောင်ရွက်မယ်လို့လည်း  ပြောပါတယ်။

ပူးပေါင်းဆက်သွယ်ရေးဆိုင်ရာအစီအစဉ်မှာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးဆိုင်ရာ ကိစ္စအတွက် မြန်မာအစိုးရနဲ့ လုပ်ဆောင်ပြီး  ရေရှည်တည်တံ့ဖွံံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂ ၂ဝ၃ဝ ပြည့်နှစ် ရည်မှန်းချက် အစီအစဉ် အကောင်အထည်ဖော်ရေးကို ပံ့ပိုးပေးရေးတို့ ပါဝင်ပါတယ်။ ဒါတွေကို EU အဖွဲ့ဝင်တွေနဲ့ ဥရောပပါလီမန်မှာ လာမယ့် သီတင်းပတ်တွေမှာ ဆွေးနွေးပါမယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org