ဥရောပသမဂ္ဂ သံကိုယ်စားလှယ်ရုံးဖွင့်မယ်လို့ EU အကြီးအကဲပြော

ဥရောပသမဂ္ဂ EU နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲရဲ့ အကြံပြုချက်အရ ရန်ကုန်မြို့မှာ EU နိုင်ငံတွေက သံကိုယ်စားလှယ် ရုံးတွေကို ဖွင့်လှစ်သွားမယ်လို့ EU က မနေ့က ကြေညာလိုက်ပါတယ်။

အခုလို သံအဖွဲ့ထားရှိခြင်းအားဖြင့် EU ခေါင်းဆောင်တွေအတွက် မြန်မာပြည်တွင်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ကူညီဆောင်ရွက်နိုင်ဖို့ အခွင့်အရေးတွေ ပိုရလာမယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Catherine Ashton က ပြောပါတယ်။  

ဒီလိုဖွင့်လှစ်တာဟာ မြန်မာအစိုးရရဲ့ သမိုင်းဝင်အပြောင်းအလဲတွေကို အသိမှတ်ပြု တုံ့ပြန်တာဖြစ်တယ်လို့ Ms. Ashton ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မှာ သံကိုယ်စားလှယ်ရုံးဖွင့်ခြင်းအားဖြင့် မြန်မာအာဏာပိုင်တွေနဲ့ တခြားအရေးပါသူတွေနဲ့ နီးနီးကပ်ကပ်ဆွေးနွေး ဆောင်ရွက်ခွင့်ပိုရလာမှာဖြစ်ကြောင်းကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org