မြန်မာပြည်သူတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့တွေကတစ်ဆင့် ကူညီနေတယ်လို့ EU ပြော

EU ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေကို ဆက်လက်ကူညီထောက်ပံ့နေတယ်လို့ EU ရဲ့ နိုင်ငံတကာ မိတ်ဖက်ရေးရာကော်မရှင်မင်းကြီး မစ္စ ယူတာ အာပလိန်းနန်း (Jutta Urpilainen) က ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆုပ် ချန်ဒါ ဆိုဖီယာ (ယာနှင့်) နိုင်ငံတကာ မိတ်ဖက်ရေးရာကော်မရှင်မင်းကြီး မစ္စ ယူတာ အာပလိန်းနန်းတို့ ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က ဖနွမ်းပင်မြို့တွင် တွေ့ဆုံခဲ့စဉ်။ phnompenhpost

EU ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေကို ဆက်လက်ကူညီထောက်ပံ့နေတယ်လို့ EU ရဲ့ နိုင်ငံတကာ မိတ်ဖက်ရေးရာကော်မရှင်မင်းကြီး မစ္စ ယူတာ အာပလိန်းနန်း (Jutta Urpilainen) က ပြောလိုက်ပါတယ်။

အဲဒီအကူအညီတွေကို စစ်ကောင်စီကတစ်ဆင့်ပေးတာမဟုတ်ဘဲ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တွေအပါအဝင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေကတစ်ဆင့် ပေးတာလို့ သူက ပြောပါ တယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆုပ် ချန်ဒါ ဆိုဖီယာနဲ့ ဖနွမ်းပင်မြို့က တွေ့ဆုံပွဲမှာ မတ်လ ၁၃ ရက် နေ့ကပြောလိုက်တာလို့ ဖနွမ်းပင်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ဘုံသဘောတူချက် ငါးရပ်ကိုလည်း EU က ဆက်လက်ထောက်ခံနေပြီး၊ မြန်မာပြည်အခြေအနေကိုလည်းစိုးရိမ်နေတယ်လို့ မစ္စ အာပလိန်းနန်းက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကိုကူညီထောက်ပံ့ရေးဟာ မဖြစ်မနေလုပ်ရမယ့်ကိစ္စလို့ EU အနေနဲ့ခံယူထားတယ်လို့ ဆိုပါတယ်။ အဓိကအကူအညီတွေကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးဖြစ်တယ် လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်ထဲမှာ ဆက်လက်ရပ်တည်နေသလို အဲဒီလိုနေဖို့ လည်း အရေးကြီးတယ်လို့ခံယူတဲ့အကြောင်း EU ရဲ့ နိုင်ငံတကာမိတ်ဖက်ရေးရာကော်မရှင်မင်းကြီးက ထည့်သွင်းပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org