မြန်မာပိတ်ဆို့မှု EU သက်တမ်းတိုး
ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ပြဌာန်းချက်ကို ကြာသပတေးနေ့မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော် အရာရှိတွေနဲ့ နယ်ခြားစောင့်တပ် အရာရှိတွေကို တစ်ဦးချင်းပိတ်ဆို့တားမြစ်မှုတွေ ချမှတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
-
2018-04-26 -

မနေ့က သက်တမ်းတိုးတဲ့ပိတ်ဆို့မှုမှာ လက်နက်နဲ့ တခြားဖိနှိပ်ချေမှုန်းရေးသုံးပစ္စည်းများ ရောင်းချမှု ပိတ်ပင်ခြင်း၊ စစ်ဘက်ဆိုင်ရာသင်တန်းပို့ချမှုနဲ့ ဆက်သွယ်မှုထောက်လှမ်းနိုင်သောပစ္စည်းများ ရောင်းချမှု ပိတ်ပင်ခြင်း စတာတွေပါဝင်ပါတယ်။
တစ်ဦးချင်းပိတ်ဆို့မှုတွေ ချမှတ်တဲ့အခါ ခရီးသွားလာမှုပိတ်ပင်ခြင်းနဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိအောင် ထိန်းချုပ်ခြင်းတွေပါဝင်မယ်လို့ ဆိုပါတယ်။ အလားတူ တစ်ဦးချင်းအရေးယူမှုတွေကို အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါ နိုင်ငံတွေက ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။