အီးယူ သံကိုယ်စားလှယ်အဖွဲ့ မွတ်စလင်ခေါင်းဆောင်တွေနဲ့ စစ်တွေမှာတွေ့ဆုံ

ရခိုင်ပြည်နယ်ကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂ အဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia နဲ့အဖွဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့  ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သံမတ်ကြီးအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား နှစ်ဘက်စလုံးက ပြောဆိုချက်တွေကို ကိုယ်တိုင်သိရှိလိုတဲ့အတွက် အခုလို လာရောက်တွေ့ဆုံ တာဖြစ်ကြောင်း သံအမတ်ကြီးနဲ့အတူ လိုက်ပါသွား သူတွေက ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင် ရပ်မိရပ်ဖတွေက ဒီနှစ်မတ်လကုန်ခါနီးမှာ အစိုးရကပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ်လို့ ပြောဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေက ပြောနေကြတဲ့ မောင်တောမြို့ နယ် ဒုချီးရာတန်းကျေးရွာ ကိုလည်း မနေ့ကသွားရောက်ခဲ့ပြီး အဲဒီရွာက ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီသံအဖွဲ့ဟာ မနက်ဖြန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီး ခရီးစဉ်အတွေ့အကြုံတွေကို ဆွေးနွေးသွားမယ် လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org