မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု EU ထောက်ခံ

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ကြိုးပမ်းမှုကို EU ဥရောပသမဂ္ဂက ထောက်ခံကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်ပါတယ်။

Reuters

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ကြိုးပမ်းမှုကို EU ဥရောပသမဂ္ဂက ထောက်ခံကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ အာဆီယံရဲ့ဒီကြိုးပမ်းအားထုတ်မှုက အသီးအပွင့်ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ ဒီငြိမ်းချမ်းရေးဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်သင့်ကြောင်း David McAllister က ဂျကာတာမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ထဲမှာ မြန်မာမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ အာဆီယံရဲ့လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့တွေ ပါဝင်ပါတယ်။

တခြားအချက် နှစ်ခုကတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ဖို့နဲ့ အဲဒီကိုယ်စားလှယ်က မြန်မာပြည်ကိုသွားရောက်ပြီး အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့ ဖြစ်ပါတယ်။

ဒီဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ဥက္ကဋ္ဌသစ်ဖြစ်တဲ့ အင်ဒိုနီးရှားက တွန်းအားပေးဖို့ ကြိုးပမ်းမှုတွေကိုလည်း အာဆီယံက ထောက်ခံဖို့ သဘောတူညီခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org