လျှပ်စစ်ဓါတ်အား ၂ ဆတိုးမည်

မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ၂၀၂၁ အရောက် မှာ လျှပ်စစ်ဓာတ်အား နှစ်ဆတိုးထုတ်လုပ်နိုင်အောင် စီစဉ်နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူနှစ်ယောက်က ရိုက်တားစ်သတင်းဌာနကို မနေ့က ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်က လျှပ်စစ်ဓါတ်အားပေး တာဝါတိုင်ကို တွေ့ရစဉ် Photo: Kyaw Zin Than/RFA

မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ၂၀၂၁ အရောက်မှာ လျှပ်စစ် ဓာတ်အား နှစ်ဆတိုးထုတ်လုပ်နိုင်အောင် စီစဉ်နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူနှစ်ယောက် က ရိုက်တာသတင်းဌာနကို မနေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံလူဦးရေ သန်း ၆၀ ရဲ့ သုံးပုံတပုံပဲ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်ပြီး မြို့တွေမှာ မီးခဏခဏ ပျက်နေတာမို့ ပြည်ပရင်းနှီးမြှုပ်နံှမှုကို ဆွဲဆောင်နိုင်ဖို့ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးဖို့ လိုအပ်နေပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတက်လာပြီးချိန်ကစလို့ စွမ်းအင်ပြဿနာဖြေ ရှင်းရေးကိစ္စမှာ သဘောကျစရာ အကောင်းဆုံးအစီအစဉ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လျှပ်စစ်ဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အစိုးရ ဘယ်လိုသဘောတူမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

စုစုပေါင်း ဒေါ်လာ သန်း ငါးထောင်ကျော်ကုန်ကျမယ့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လေးရုံ ၂၀၂၁ မှာတည်ဆောက်မယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ခု မဂ္ဂါဝပ် ၃၀၀၀ လောက်ထုတ်နေရာက နှစ်ဆတိုး ထုတ်မယ်လို့လည်းပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org